အခန်း ၁၆.၂

126 3 0
                                    

ကျန်းချင်းနဲ့ ဟယ်အာမိ ရင်ဆိုင်​နေကြသည်။ သူက အချိန်ရှာပြီး ​​ဖြေလိုက်သည်။ "အိမ်​ရှေ့စံမိဖုရားကို သွားရှာပါတယ်"

ဟယ်အာမိ ဒါကိုကြား​တော့ စိတ်အားထက်သန်စွာ တိုက်ခိုက်​နေတာကို ရပ်လိုက်ပြီး မြူခိုးဗုံးတစ်လုံးချပြီး ထွက်သွားသည်။

ကျန်းချင်းက လက်​တွေကို ​ဝေ့ရမ်းပြီး မြူ​တွေကို ဖယ်လိုက်သည်။ ကျန့်ယင်း ပိတ်ခံထားရတဲ့ အခန်းကိုမြင်ပြီး သူရုတ်တရက် မင်​သေသွားသည်။ "မင်းသမီးချင်ရုံလည်း ဒီမှာလား"

"သူ ငါနဲ့အတူ ပြန်​ပေးဆွဲခံထားရတာ " ကျန့်ယင်းက ချင်ရုံကို ဆွဲထူလိုက်သည်။ ကျန်းချင်းက သူ့ဘယ်လက်က ​​သွေးရာ​တွေကို ​သတိထားမိပြီး ထိတ်လန့်သွားသည်။ "သူ..."

"အဲ့​ခွေး​ကောင်​တွေက သူ့လက်​တွေကို အားကြီး​တွေနဲ့ ကိုင်ကြတာ ၊ ​ပြော​သေးတယ် သူသာ မိန်းက​လေး မဟုတ်ရင် လက်​တွေချိုးပစ်မှာဆိုပြီး"

"ဘာလို့လဲ"

ကျန့်ယင်း ချင်ရုံကို ရှုပ်​ထွေး​သော အကြည့်များဖြင့် ကြည့်လိုက်သည်။ "သူချင်ယိကို ဘယ်လိုရန်စလိုက်တာလဲ​တော့ မသိဘူး"

ကျန်းချင်းလည်း ဘာ​ပြောရမှန်းမသိ ဖြစ်သွားသည်။ သူက တခြားသူ​တွေကို သူတို့​ခေါ်သွားပြီး သမား​တော်ပြ​ပေးဖို့ အမိန့်​ပေးလိုက်သည်။ ဒါ​ပေမဲ့ ကျန့်ယင်းက ​နောက်ကလိုက်လာပြီး "​တော်ဝင်မရီး​တော် ဘယ်လိုလဲ"

အ​နောက်ဘက်မှာ ချင်ရုံက ​ခေါင်းကို ​စောင်းကာ သူ့မျက်လုံးထဲက အမူအရာ​တွေကို ဝှက်ထားရင်း လူ​တွေ သူ့ကို ကူ​ပေး​နေကြတာကို တိတ်တိတ်​လေးခံယူ​​နေသည်။

ကျန့်ကျန်းက အမြန်ပြန်လာပြီး သူတို့နဲ့ ဆုံလိုက်သည်။ ကျန့်ကျန်းက ​စောနတင် တိုက်ခိုက်ခဲ့ပုံရ​ပေမဲ့ ဒဏ်ရာမရတာကို အတည်ပြုပြီးမှ စိတ်​အေးသွားရသည်။ သူက နက်ရှိုင်းစွာ ​မေးလာသည်။ "ချင်ယိကို မ​တွေ့​တော့ဘူး ၊ ရှန်ရှန်း ဘယ်မှာ အဖမ်းခံထားရတာလဲ"

"ညီမ​တော် သူနဲ့အတူ ပိတ်ထားမခံရဘူး" ကျန့်ယင်းကညစိုးရိမ်စွာ ​မေးလိုက်သည်။ "ချင်ယိ သူ့ကို ​ခေါ်သွားတာများလား"

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now