အပိုင်း ၁၅.၂

45 1 0
                                    

ရှန်ရှန်းက ​သေချာမရပ်နိုင်​တော့တာ​ကြောင့် မသိစိတ်က​နေ
​ဘေးမှ ​လှေကားလက်ရန်းဆီ​ရောက်​အောင် သွား​နေမိသည်။ သူ ရူယိရဲ့အသံကို ကြားလိုက်ရသည်။
"မင်းသမီး"

သူ့နှလုံးက လျင်မြင်စွာ ခုန်လှုပ်​နေသည်။ လူ​တွေ အထိတ်တလန့်ဖြစ်ပြီး ​ပြေးလွှား​နေတာကို ​တွေ့လိုက်ရသည်။ တချို့လူ​တွေက ​​​အော်ဟစ်​နေကြသည်။
"လျန်​တွေ နန်း​တော်ကို စီးနင်း​နေကြပြီ"

စစ်သည်တစ်စု သူ​ရှေ့မှ ဖြတ်သွားတဲ့အခါ မသိစိတ်က​နေ ​လှေကားဆီ ​လျှောက်သွားမိသည်။ ရုတ်တရက် သူ​ဘေးကို တွန်းခံလိုက်ရတဲ့အခါ ​လှေကားလက်ရန်းဆီမှ လိမ့်ကျလာ​တော့သည်။

သူ့မျက်နှာက ဖြူ​ဖျော့သွားပြီး ငါ​တော့ ဒီ​နေ့​သေပြီဟု ​တွေး​နေမိသည်။ ဒါ​ပေမဲ့ အား​ကောင်းတဲ့လက်တစ်စုံက သူ့ကို ခါးဆီမှ လှမ်းဖမ်းလိုက်သည်။ ​မော့ကြည့်လိုက်တဲ့အခါ
အမှန်ပင် ကျန့်ကျန်းဖြစ်​နေသည်။

သူက ရှန်ရှန်းကို လွှတ်​ပေးကာ ​မေးသည်။ "အားယင်းနဲ့ အားကျင် ဘယ်မှာလဲ"

ရှန်ရှန်းက အ​ပေါ်ကို ​မော့ကြည့်​တော့ ကျန့်ကျန်းက ထပ်​မေးလာသည်။ "ငါကိုယ်​တော် သွားပြီးချက်ချင်း ပြန်လာခဲ့မယ် ၊ မင်း​ အရင်နေရာရှာပြီး ပုန်း​နေလိုက်"

ရှန်ရှန်းက ​ခေါင်းငြိမ့်လိုက်ပြီး ဖရိုဖရဲဖြစ်​နေတဲ့ လူအုပ်ကို ​ရှောင်လိုက်သည်။ သူလှည့်ပတ်ကြည့်လိုက်​တော့ အမဲ​ရောင်အင်္ကျီဝတ်ထားတဲ့ လူတစ်စုက တိုက်ခိုက်ဖို့ ဝင်လာတာ ​တွေ့လိုက်ရသည်။ တစ်​ယောက်ချင်းစီဟာ ဓါးရှည်များကို ကိုင်​ဆောင်ထားကြပြီး အ​စေခံများနှင့် မိန်းမစိုးများမှာ အလျင်အမြန်ပဲ ​သေဆုံးကုန်ကြ​တော့သည်။

အသံတိုးတိုး​လေးဖြင့် ​​ချောင်းဆိုးရင်း ရှန်ရှန်းအ​မောတ​ကော ​ပြောလိုက်သည်။ သူအလျင်အမြန် ​​ကျောက်တုံးကြီးအ​နောက်မှာ ပုန်းလိုက်တဲ့အခါ သူ့အ​ရှေ့မှ မြင်ကွင်းဟာ အမဲ​ရောင်ဖြစ်သွားသည်။

ဒီအရာက အရမ်းကို ရုတ်တရက်ဆန်သည်။ ကျင်းစစ်သည်များ ပျာယာခတ်သွားကြသည်။ ပြည်သူများဟာ
​နေရာအနှံ့ပျဲ့ကျဲ့​နေပြီး တချို့မှာ အသက်ရှင်လျက် တက်အနင်းခံ​နေရသည်။

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now