Unicode
ကျန်းလွဲ့က ထိုအရာအား သူတို့အရှက်ရစေရန်
တမင်ရည်ရွယ်ပြီး လုပ်သည်လား မသေချာပေမယ့်
ရှန်ရှန်းအနေဖြင့် ကျန်းလွဲ့ပြောတာကြားပြီး
ရီစရာတခုအနေဖြင့်သာ မှတ်ယူမိသည်။
သူက ယောင်္ကျားလေးတယောက်ဖြစ်သည်ကိုး။
ကျန်းလွဲ့က သူ့လက်နှစ်ဖက်ကို ကြိုးနဲ့စီးပြီး
စခန်းကို တိုက်ရိုက်ပြန်လာခဲ့တော့သည်။
မြင်းလှည်းမှာ အပြင်ပန်းကြည့်ရတာလှပသော်ငြား
လမ်းခရီးတွင် ခလုတ်ကသင်းများကြောင့်
ကဆုန်ပေါက်နေလေရာ ခရီးတထောက်နား
သောအခါ ရှန်ရှန်းမှာ မူးဝေနေလေ၏။
သို့သော် စိတ်ထဲတွင်သာထားပြီး မလှုပ်မယှက်။
ကျန်းလွဲ့က
"ဒီမင်းသမီးက ဒီလောက် ချူချာနေမယ်လို့
ထင်မထားခဲ့ဖူး"
ရှန်ရှန်းသည်လှုပ်ရှားလိုက်ချင်ပေမဲ့
အားမရှိဖြစ်နေ၍ မြင်သမျှအရာကလည်း
ဗလာနိတ္ထိဖြစ်နေ၏
သူမွေးလာတော့ ငယ်ငယ်ရွယ်ရွယ်နဲ့သေရမယ်
မကောင်းတဲ့နိမိတ်တွေလဲ တွေ့တယ်လို့
ရှေ့ဖြစ်ဆရာက ဟောခဲ့သည်။ မကောင်းတဲ့နိမိတ်ဆိုသည်မှာ ယောင်္ကျားလေးအဖြစ်မွေးလာပေမဲ့
မိန်းကလေးဘ၀ဖြင့် ရှင်သန်ရမည်ဟုပင်။
အဆင့်သင့်ပုံက လျန်တော်၀င်မိသားစုမှာလည်း
မင်းသမီးမရှိ၊ သူ့ရုပ်ရည်လေးကလည်း
နူးနူးညံ့ညံ့ သိမ်သိမ့်မွေ့မွေးလေးဆိုတော့
မင်းသမီးဘွဲ့ပေးပြီး ရှင်သန်စေခဲ့သည်။
ရှန်ရှန်းကတော့ ရှေ့ဖြစ်ဟောဆရာရဲ့စကားတွေကို
မယုံကြည်။ဒါကြောင့် တခုသောညမှာ ယောင်္ကျားလေး အ၀တ်အစားများကို ၀တ်ကြည့်တဲ့အခါ
YOU ARE READING
ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအားပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》
Roman d'amourChinese Title : 被迫和敌国太子联姻的日子 English Title : Forced to Marry the Enemy Prince Author : 乔柚 Eng Translator : Ri MM Translator : Yo Chapters : 116+2 Extras Type : Web Novel Gener : Bender,Historical,Romance,Yaoi Original Publisher : jjwxc https://www...