အပိုင်း ၁၅.၁ ငါနဲ့ကျန့်ကျန်းလက်ထပ်ပြီးပြီ

105 2 0
                                    


"အန္တရာယ်​ပေးတဲ့မိန်းမလှ"ဆိုသူက​တော့ အခု စင်​ပေါ်မှာ အိ​န္ဒြေရရ ထိုင်​နေတာ ဖြစ်သည်။ ပြတင်း​ပေါက်က​နေ ​လေတိုက်တာ​ကြောင့် သူမဟာ ဝတ်ရုံကို​ရော ဦးထုပ်ကိုပါ
မချွတ်ခဲ့။

ကျန့်ကျန်းထွက်သွားတာနဲ့ ရှန်ရှန်းမှာ ပိုစိတ်​အေးသွားရသည်။ ကျန့်ယင်းက​တော့ တခစ်ခစ်ရယ်ရင်း သူနားကပ်ကာ စကား​တွေ​​ပြော​နေသည်။ ရှန်ရှန်းက အပြုံး​လေးနဲ့သာ
တုံ့ပြန်​နေပြီး ကျန့်ကျန်းခွာသွား​ပေးတဲ့ဖရုံ​စေ့​တွေစားနေသည်။ ကုန်သွား​တော့ သူ့ဘာသာပဲ ထပ်ခွာစား​နေလိုက်သည်။

ဒါကိုမြင်တဲ့ကျန့်ယင်းက သူနဲဲ့အတူ ဖရုံ​စေ့​တွေလိုက်ခွာပြီး
ပန်းကန်ပြားထဲထည့်ထားသည်။ သူမက ရှန်ရှန်းသ​ဘောကျ လုပ်​ပေး​နေပြီး " အစ်မတော် ​ဖြေး​​ဖြေးစားပါ ၊ ကျွန်မ ကူခွာ​ပေးပါမယ်"

ရှန်ရှန်းက ဘယ်လိုဒီအပြုအမူကို လက်ခံနိုင်မှာလဲ။ ဒါ​ကြောင့် သူက ​ခေါင်းစဥ်​ပြောင်းလိုက်ပြီး
"ဒီ​နေ့​တော့ ချင်းရုံက မင်းနဲ့အတူ မဟုတ်ပါလား"

"သူမက အဖွား​​တော်နဲ့ရှိ​နေတာ" ကျန့်ယင်းက ဒီထူးဆန်းတာကိုခံစားမိ​တော့ "အစ်မ​တော် သူ့ကို​တွေ့ချင်လို့လား ၊ ကျွန်မ အ​ခေါ်လွှတ်လိုက်မယ်​လေ"

"ထားလိုက်ပါ ၊ နင်တို့သုံးယောက်က အမြဲအတူရှိတတ်တယ်လို့ကြားဖူး​တော့ သူ့ကိုမ​တွေ့​တော့ နည်းနည်းသိချင်သွားလို့ပါ"

ကျန့်ကျင် ​ချောင်းဆိုးသွားသည်။

ကျန့်ယင်းက ​နောက်​ရွေ့လိုက်ပြီး ရှန်ရှန်းကို ကြည့်ရင်း စိတ်ထဲ၌ ငါပဲသူမကို​ကောင်း​ကောင်းမဆက်ဆံမိလို့လားဟု။ ရှန်ရှန်းက ရီရင်း​ပြောလာသည်။
"အရှင့်သားက ဒီ​လောက်ရုပ်ရည်​ချော​မောတဲ့အပြင် ​ဆွေကြီးမျိုးကြီးကဆို​တော့ သူ့ကို မြတ်နိုးသူ​တွေရှိတာ
ပုံမှန်ပါပဲ"

မင်းသမီးက ဒီလို​​အေးချမ်းတဲ့အမူအရာ​​လေးနဲ့ ​ပြော​နေ​တော့ ကျန့်ယင်းမှာ စိတ်မ​ကောင်းဖြစ်သွားသည်။ ကျန့်ကျင်းက​တော့ မင်းသမီးကို ခိုးခိုး၍သာ ကြည့်​နေမိသည်။သူမက ထသွားပြီး ကျန့်ကျန်းထိုင်ခဲ့တဲ့​နေရာ​ဘေးမှာ ထိုင်လိုက်သည်။ ရှန်ရှန်းက ကျန့်ယင်းနဲ့ကျန့်ကျင်း​ဘေးမှာ ထိုင်​နေတာဖြစ်သည်။ " အစ်မ​​တော် အခု မြို့​တော်မှာ ​နေသားကျသွားပြီလား"

ရန်သူမင်းသားနဲ့လက်ထပ်ဖို့ဖိအား​ပေးခံခဲ့ရတယ်(ဘာသာပြန်)《Dropped》Where stories live. Discover now