“ ကျွန်တော့်ကောင်လေး ကျန့်ကျန့်ကောကော ချစ်ချစ်သည်းသည်းနဲ့ တွေ့ချင်လို့ပါဗျ .. ”“ .. ! ”
သူ့ဘာသာ တံခါးဖွင့်ဝင်လာတဲ့ ဝမ်ရိပေါ်က အခန်းပေါက်ဝမှာ မိုးတိုးမတ်တပ်နဲ့ .. ။
အထူးတလည် ပြင်ဆင်ဝတ်စားထားတဲ့ တောက်တောက်ပြောင်ပြောင် ဖက်ရှင်နဲ့ .. ပုခုံးတစ်ဖက်မှာလည်း အိတ်အနီကွက်ကြီးကို လွယ်လို့ .. ။ ရေမွှေးပုလင်းများ ခေါင်းကနေ လောင်းချလာသလား အောက်မေ့ရလောက်အောင် အမွှေးနံ့တွေကလည်း မွှန်ထူလို့ .. ။
ပါးစပ်အဟောင်းသားနဲ့ ကြက်သေသေနေတဲ့သူတို့ကို ကျော်ခွပြီး အခန်းထဲဆီ တန်းတန်းမတ်မတ် ဝင်ချလာတယ် .. ။ နောက် .. ရှောင်းကျန့်ရှိနေတဲ့ ကုတင်အပေါ်ဆင့်နားဆီ လျှောက်သွားပြီးတော့ ချိုအီနေတဲ့လေသံနဲ့ ဆိုလေရဲ့ .. ။
“ ကျန့်ကောကလည်း .. ဒီထူးခြားတဲ့နေ့လေးမှာတော့ စိတ်မကောက်နဲ့ဦးလေနော် .. မနက်ဖြန်မှ ပြန်ကောက် .. ကျွန်တော်က သေချာလေးပြန်ချော့ပေးမယ် .. ဟုတ်လား .. ”
“ ချီးကို ထူးခြားတဲ့နေ့လား .. စိတ်ထဲမပါတာတွေ လာပြောနေမယ့်အစား ဆက်ပြီးသာ မေ့နေလိုက်စမ်းပါ .. သွား .. ”
“ သွားဘူး သွားဘူး .. ကျန့်ကောအနားက တစ်ဖဝါးတောင် မခွာနိုင်ပါဘူး .. ”
“ .. ဟမ့် ”
ရှောင်းကျန့်က ဂရုမစိုက်ဟန် နှာမှုတ်တော့ ဝမ်ရိပေါ်တို့ သူလွယ်လာတဲ့အိတ်ကြီးကို အောက်ချတယ် .. ။
“ ဒီမှာကြည့်ပါဦး .. ကျွန်တော်ကဖြင့် အများကြီး ပြင်ဆင်လာခဲ့တာကို .. ”
“ . .. ”
နောက် .. အိတ်ကြီးထဲကထုတ်လိုက်တဲ့ ပစ္စည်းပစ္စယတွေများ တစ်ခုပြီးတစ်ခု အဆုံးကို မသတ်နိုင်ဘူး .. ။
“ ချစ်သူသက်တမ်း ဆယ်ရက်ပြည့် အထိမ်းအမှတ်နဲ့ နှင်းဆီပန်းဆယ်ပွင့် .. ”
“ . .. ”
“ ဒီမှာ ချောကလက် ဆယ်တောင့် .. ”
“ . .. ”
“ ဒိန်ချဉ် ဆယ်ဘူး .. ”
“ . .. ”
ပင်လယ်စာအရသာခေါက်ဆွဲဘူး ဆယ်ဘူး .. ။
YOU ARE READING
TENDERNESS
Fanfictionအစတုန်းကတော့ ဝမ်ရိပေါ်က ရှောင်းကျန့် ချိန်လိုက်တဲ့သူမှန်သမျှ သူကချည်းဦးအောင် မ,သွားတာပဲ .. ။ နောက်တော့ ရှောင်းကျန့်ကိုပါ မ,သွားတယ် .. ။