22

2.5K 103 18
                                    


Unicode











“ ငါတော့ အပန်းဖြေခရီးထွက်လာသလိုတောင် ခံစားရတယ် .. စာကြိုးစားလို့ ရတဲ့ street တွေအကုန် ပျောက်ဆုံးသွားသလိုပဲ .. ”

“ stress တော့လုပ်ပါကွ ဟိုက်ခွမ်းရ .. ”

“ ဘယ်မှာလဲ steak က .. မင်းတို့ကောင်တွေ ငါမသိအောင် ခိုးစားနေကြတာပေါ့လေ .. အခု ထုတ်ပေးစမ်း .. ”

“ . . . ”

စမတ်ကျကျ ဘိုလိုညှပ်ပြောချင်တဲ့ ဟိုက်ခွမ်းရော .. အမှားထောက်မယ်ဆိုတဲ့ ကျိယန်ရော .. ပါးစပ်ပိတ်သွားကြတယ် .. ။

ကျိုးချန်ကတော့ .. ဒီကောင်တွေ steak မှာပြီးမှ သူ့ကို မကျွေးချင်တာနဲ့ ဖွက်စားကြပါတယ်ဆိုပြီး ရှူးရှူးရှားရှားနဲ့ရယ် .. ။

“ ရို့ .. မင်းတို့ကောင်တွေ ကြာလိုက်တာ .. ဒီမှာကြည့်စမ်း .. ငါ့ဇနီးလေးက သိမ်းပေးလိုက်တာ မြန်မှမြန်ပဲ .. ”

အိတ်အနီကွက်ကြီး ပုခုံးမှာလွယ်ပြီး သူတို့အခန်းဆီ ကားတားကားတား ရောက်လာတာက ရှောင်းကျန့် .. ။

လူမမြင်ရခင် အိတ်အနီကွက်ကြီးကို အရင်မြင်ရပြီး .. အိတ်အနီကွက်ကြီးကို မမြင်ရသေးခင်မှာတော့ ‌ကြွားလုံးထူထူ လေသံထွားထွားကို အရင်ကြားရတယ် .. ။

ဗလကြီးဝမ် ဗလကြီးဝမ်နဲ့ တစ်ချိန်လုံးတနေလို့ နားကလောလှပြီ မှတ်နေတာ .. ။ အခု ဇနီးလေးဝမ် ဆိုတာလောက်တော့ ဘယ်ဆိုးဦးမှာလဲ .. ။ ဗလကြီးတွေနဲ့ ဝမ်ရိပေါ်ကို လောရှည်ရှောင်းကျန့်ဆီက ဇနီးလေးလို့ ခေါ်သံတစ်ခါကြားတိုင်း .. သူတို့တွေရဲ့ နားထဲကနေ သွေးစိမ်းတွေ တတောက်တောက် တတောက်တောက် ယိုစီးကျလာသလို ခံစားရတယ် .. ။

FUCK! ဒီသောက်ကျိုးနည်း မလိုက်မဖက်နာမ်စားကြီးကို ဝမ်ရိပေါ်တစ်ယောက် ဘယ်လိုစိတ်နဲ့များ သည်းခံနေပါလိမ့်ပဲ .. ။

“ ငါတို့က ငါတို့ရည်းစားတွေကို မင်းလို ခိုင်းမစားဘူး .. ”

“ အမယ် .. ယွီပင်းစုတ်ကများ လာလာချည်သေး .. ခိုင်းမရ မရဘူးပေါ့ .. ဘာတွေ ညာပြောနေတာ .. ”

“ နားညည်းတယ် .. ဒီမှာ သိမ်းလို့မှ မပြီးရတဲ့အထဲ လာအာရုံများမနေစမ်းနဲ့ .. ဝေးဝေးသွားနေ သွား .. ”

You've reached the end of published parts.

⏰ Last updated: Jun 23, 2022 ⏰

Add this story to your Library to get notified about new parts!

TENDERNESSWhere stories live. Discover now