Unicode
“ ကျန်းမိန်းကလေး .. ? ”
183 cm ရှိတဲ့ ကလန်ကလားအရပ်နဲ့ အဲ့ဒီ့မိန်းကလေးက ရှောင်းကျန့်အရပ်ကိုမှီဖို့ 1cm လိုသေးပေမယ့်ပေါ့ .. ။ လေးလက်မဒေါက်ကြီးနဲ့ဆိုတော့ သူ့မှာ မတတ်နိုင်ဘဲ မော့ကြည့်ရပါလေရော .. ။
“ ဟီးဟီး .. လင်ယိလို့ပဲ ရင်းရင်းနီးနီးခေါ်လို့ ရနေသား .. ”
“ . . . ”
သူ့ရှေ့က စပ်ဖြီးဖြီးမျက်နှာပေးနဲ့ လက်ကမ်းပေးနေတဲ့ မိန်းမငယ်လေးကိုကြည့်ပြီး ရှောင်းကျန့်တို့ ဟွန်းခနဲ နှာမှုတ်တယ် .. ။
ဘာတွေ ရင်းရင်းနီးနီး လုပ်နေဦးမလို့လဲ .. ။
သူ့ရဲ့ရီးဂျား ဗလကြီးဝမ်ကို လုယူသွားပြီးတော့မှလေ .. ။“ ကောကော .. လင်ယိ လက်ညောင်းနေပြီ .. ”
“ ငါလည်ပင်းတွေလည်း ညောင်းနေတာ ကြာလှပြီ .. ဆိုတော့ အကျေအကျေပဲ .. ”
“ ကောကောကလည်း .. ”
“ FUUU .. ငါတို့အကုန်လုံး ရွယ်တူတွေချည်းပဲ .. ဘာကောကောမှ လုပ်မနေနဲ့ .. ဖယ်လိုက်တော့ အဲ့လက်ကြီးကိုလည်း .. ”
ဖာ့ခ်လို့ ပြောထွက်ခါနီးလေးကို အရှိန်မလွန်ခင် အမြန်ပြန်ထိန်းလိုက်ရတယ် .. ။
သူ့သူငယ်ချင်းကသာ ဘေ့စ်ဘောရိုက်တံ တရမ်းရမ်းနဲ့ပေမယ့် .. သူကတော့ မိန်းကလေးတစ်ယောက်ကို အမှတ်တမဲ့လေး ဆဲရေးမိသွားမှာတောင် စိုးရွံ့လှပါတယ်ရယ် .. ။ အဲ့ဒီ့မိန်းကလေးက သူ့ရဲ့ရည်းစား ဗလကြီးဝမ်နဲ့ စေ့စပ်မယ့်သူ ဖြစ်နေရင်တောင်မှ .. ခြွင်းချက်မရှိဘဲပေါ့ .. ။
ကျန်းလင်ယိက ကမ်းထားတဲ့လက်ကိုပြန်ရုတ်ပြီး ရှေ့ခုံမှာ ဝင်ထိုင်တယ် .. ။ ဒီတော့မှပဲ ရှောင်းကျန့်လည်း အသာလေး ပြန်ထိုင်လိုက်ရတော့တယ် .. ။ ပြောရရင် .. အရပ်အမြင့်ကွာခြားမှုက ထိုင်နေရင်းအတိုင်းဆို သိပ်ပြီးမသိသာဘူးမလား .. ။ သူ့လည်ပင်းတွေ မညောင်းဖို့အရေး သူက အလေးထားရမှာပေါ့ .. ။
“ တောင်းပန်လိုက် .. ”
“ တောင်းပန်ပါတယ် အစ်ကိုလေးတို့ !!!
ကျွန်တော်တို့ အလုပ်မှာ ပေါ့လျော့မိပါတယ် .. အခုဖြစ်ရပ်အပေါ် သင်ခန်းစာယူပြီး နောက်ကို ပြုပြင်ဆင်ခြင်သွားပါ့မယ် .. ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် .. တောင်းပန်ပါတယ် !!! ”
YOU ARE READING
TENDERNESS
Fanfictionအစတုန်းကတော့ ဝမ်ရိပေါ်က ရှောင်းကျန့် ချိန်လိုက်တဲ့သူမှန်သမျှ သူကချည်းဦးအောင် မ,သွားတာပဲ .. ။ နောက်တော့ ရှောင်းကျန့်ကိုပါ မ,သွားတယ် .. ။