19

1.2K 133 26
                                    


Unicode


လော့ယန်ကိုရောက်တာနဲ့ ဝမ်ရိပေါ်ဆီ အပြေးသွားတွေ့ဖို့ စိတ်ကူးထားခဲ့တာရယ် .. ။

အပြေးလေးလာကြိုတဲ့ ဝမ်ရိပေါ်ကို ပြေးဖက်မယ် .. ။ ပုခုံးအစုံကို ထုရိုက်ပြီး ဘာလို့သူ့ကို အခုလိုလုပ်ရတာလဲလို့ စိတ်ကောက်ပစ်မယ် .. ။ အနားမှာရှိနေတဲ့လူတွေကို ဂရုမစိုက်ဘဲ မွတ်မွတ်သိပ်သိပ်နဲ့ ပြင်သစ်စတိုင်အနမ်းတွေ ဖက်နမ်းပစ်မယ် .. ။ ပြီးရင် .. သူ့လုပ်ရပ်အပေါ် အံ့အားသင့်နေတဲ့ ဝမ်ရိပေါ်ကို ပြုံးပြုံးကြီးစိုက်ကြည့်ပြီး .. ဒီလိုပြောမယ် .. ။

“ ဘာစေ့စပ်ပွဲလဲ .. ဘာကို လူကြီးတွေသဘောကျ ခေါင်းညိတ်မှာလဲ .. သွားစမ်းပါ သောက်ရေးမပါတာတွေ .. ဒီချစ်ချစ်ရီးဂျားလေးက မင်းကို တစ်ခါတည်းခိုးသွားတော့မှာ .. ဘာမှစိတ်ပူမနေဘဲ ယုံယုံကြည်ကြည်သာလိုက်လာခဲ့ .. ”

ဆိုပြီးတော့ .. ။

အမ်း .. စိတ်ကူးလေးပါပဲပေါ့လေ .. ။
လက်တွေ့မှာတော့ ဗလကြီးဝမ် မပြောနဲ့ .. မျိုးရိုးနာမည်ပါ မေ့တဲ့အထိကို အန်ဖတ်ဆို့နေပြီ .. ။


“ ရှောင်းကျန့် ရှောင်းကျန့် !! သတိကပ်ထားစမ်း .. ခေါင်းကြီး ငိုက်ကျမသွားနဲ့ .. ”

“ . . . ”

“ သောက်ကျိုးနည်းကွာ .. ဒီခေါင်းက မော့ထားစမ်းပါဆိုနေ .. အန်ဖတ် ဆို့သေတယ်ဆိုတာ တကယ်ရှိတာနော် .. ပြီးမှ ငါသတိမပေးဘူးမပြောနဲ့ .. ခေါင်းမော့ထားစမ်းကွ !!! ”


ကျိယန်က သူအန်ထားတဲ့ စက္ကူအိတ်ထူထူကို လက်တစ်ဖက်မှာကိုင်ထားရင်း .. နောက်လက်တစ်ဖက်ကတော့ ငိုက်ငိုက်ကျသွားတဲ့ သူ့ခေါင်းကို ပြန်မော့ပေးလာတယ် .. ။

“ အန် .. အန်မယ် .. အိတ် .. . ”

“ ခဏ ခဏ .. အိတ်က အသစ်ထုတ်ရဦးမှာ .. ခဏလေး .. ရပြီရပြီ .. ”

“ . . . ”


အသန့်ကြိုက်လွန်းတဲ့ သန့်ရှင်းရေးနတ်ဘုရားက .. လောလောဆယ်မှာတော့ မျက်နှာကြီးရှုံ့မဲ့ပြီး သူအန်ဖို့ စက္ကူအိတ်ကိုင်ပေးနေရရှာတယ် .. ။

TENDERNESSWhere stories live. Discover now