“ ဒီနေ့ အတန်းလစ်မယ် .. ”“ . .. ”
“ ဘာလို့ ဘာမှပြန်မပြောတာလဲ .. ”
“ ဘာပြန်ပြောရဦးမှာလဲ .. အတန်းလစ်မယ် .. ပြီးရင် ဟွားမိန်းကလေးတို့အဆောင်ရှေ့ သွားမယ် .. ဝမ်ရိပေါ်နဲ့တွေ့မယ် .. ဟော့ပေါ့ဆိုင်ထဲက သန့်စင်ခန်းဝင်သုံးပြီး ပြန်လာမယ် .. နေ့တိုင်း ဒါချည်းထပ်နေတာကို .. ”
ကြက်ဥအနှစ်ပေါ် ခရမ်းချဉ်သီးဆော့စ်နဲ့ ပြုံးနေတဲ့ပုံဆွဲရင်း .. စုန့်အလှလေးက ပြည့်ပြည့်စုံစုံ ပြန်ဖြေပေးလာတယ် .. ။ ဆိုတော့ .. ဘာမဟုတ်တာလေးနဲ့ ရန်စမလို့ မာန်တင်းထားတဲ့သူ့မှာ ကုပ်ကုပ်ကလေး ချောင်ပြန်ကပ်သွားရတယ် .. ။
အမ်းး .. သူ့ရဲ့နေ့စဉ်အချိန်ဇယားက ဒီလောက်တောင် ပုံသေကြီးဖြစ်နေတာလား .. ။
“ သွားပြီ .. ”
“ ဘယ်လဲ .. အတန်းမတက်ဘူးလား .. ”
“ တက်မှာ .. ”
“ ဒါမဲ့ စောသေးတယ်လေ .. ”
“ အင်း .. ငါ့ကောင်လေးဆီ ထမင်းဘူးဝင်ပို့ဦးမှာမို့ .. ”
“ ချီးပဲ .. ကြွားလိုက်တာ .. ”
စုန့်ကျိယန်ကတော့ ဂရုမစိုက်ပါဘူး .. ။
ထမင်းဘူးကို သေချာအကျအနပိတ် အိတ်ထဲထည့်ဆွဲပြီး အခန်းထဲက သုတ်သုတ်လှမ်းထွက်သွားတော့တာ .. ။ကုတင်ထက် ပျင်းတိပျင်းတွဲ့လှဲရင်း ကျန်နေခဲ့တဲ့သူကတော့ .. နားထဲကိုပဲ လက်သန်းနဲ့ အသေကုတ်ဖဲ့ပစ်နေမိတယ် .. ။ ငါ့ကောင်လေး ငါ့ကလေးလေးနဲ့ သိပ်အကဲပိုလွန်းတဲ့ အဲ့ဒီ့ကျိယန်ဟာ သိပ်ကြွားလွန်းတယ်လို့ ခံစားရတယ် .. ။
ပြီးတော့ .. ကြွားလည်း ကြွားလောက်စရာပါပဲ .. ။ သူသိရသလောက်ဆို ဟောက်ရွှမ်းနဲ့ကျိယန်က အလယ်တန်းပထမနှစ်မှာကတည်းက တွဲခဲ့ကြတဲ့ ငယ်ချစ်တွေတဲ့လေ .. ။ အခု တက္ကသိုလ်ဒုတိယနှစ်မှ မိဘတွေသိပြီး အိမ်ပေါ်ကကန်ချလိုက်တာတော့ သက်သက်တစ်ပိုင်းပေါ့ .. ။
ဘာပဲဖြစ်ဖြစ် အားကျတယ် .. ။
သူများသားသမီးတွေများ စွံလွယ်လိုက်လေခြင်းပဲ .. ။ သူ့မှာတော့အခုထိ ရည်းစားထားဖို့နေနေသာသာ ရည်းစားစကားတောင် စမပြောဖူးသေးဘူး .. ။ စိတ်ထဲက ချိန်လိုက်တာနဲ့ အပြင်လက်တွေ့မှာ ဝမ်ရိပေါ်က မ,မ,သွားရော .. ။ အပိုပြောတာ မဟုတ်ဘူးနော် .. ။ သူက ချိန်တာမဟုတ်ဘဲ သူ့ကိုချိန်တဲ့ ကောင်မလေးတွေဆိုလည်း ဝင်မသွားပြန်တာပဲ .. ။ အဲ့သကောင့်သားကြောင့် သူ့မှာအခုလို အက်ဖ်အေဖြစ်နေရတာ .. ။
ESTÁS LEYENDO
TENDERNESS
Fanficအစတုန်းကတော့ ဝမ်ရိပေါ်က ရှောင်းကျန့် ချိန်လိုက်တဲ့သူမှန်သမျှ သူကချည်းဦးအောင် မ,သွားတာပဲ .. ။ နောက်တော့ ရှောင်းကျန့်ကိုပါ မ,သွားတယ် .. ။