Part 1
"ဒုန်း"
တံခါးပိတ်သံကျယ်ကျယ်လောင်လောင်ကို သူရော တစ်ဖက်လူရောမမှုကြ။ နမ်းလက်စအနမ်းတွေဟာ မည်သို့သောကျယ်လောင်မှုတို့ တိုးမပေါက်နိုင်လောက်အောင်ပင် ပြင်းပြင်းပြပြနဲ့။
သူတို့ဝင်ရောက်သွားတဲ့ ဟိုတယ်ရဲ့ အခန်းတွင်းမှာပျံ့လွင့်နေသောအသံဆိုလို့ သူတို့နှစ်ဦးသားရဲ့အသက်ရှူသံပြင်းပြင်းနဲ့ နှုတ်ခမ်းချင်းပွတ်တိုက်သံတို့သာရှိသည်။
ဘယ်အရာကသူတို့နှစ်ယောက်ကိုအတားအဆီးမဲ့စေသလဲသူမသိပါ၊ သူသိတာက သူဘာကိုမှမရပ်တန့်ချင်တော့၊ သူဘာကိုမှတွေးမပူနေချင်တော့ပဲ ဒီလူနဲ့ခရီးဆုံးအထိသွားချင်စိတ်သာရှိသည်။
ထိုသူကရော ... ?
မေးနေစရာမလို၊ အပြုအမူတွေနဲ့တင် သူ့ကိုဘယ်လောက်တောင်မှလိုချင်နေလဲဆိုတာ သိသာနေတာပဲမဟုတ်လား။
နမ်းနေလက်စမှ အောက်နှုတ်ခမ်းကိုဖိကိုက်ခံရတာတောင် နာကျင်ရမယ့်အစား ခံစားမှုအသစ်တစ်မျိုးနဲ့ ပိုပိုပြီးနမ်းနေချင်နေတာက တစ်ခုခုမှားယွင်းနေလို့ဆိုတာသိပေမယ့် အဖြေရှာဖို့နောက်ကျသွားပြီထင်။
သူဝတ်ထားတဲ့ leather jacket ဟာ ကြမ်းပြင်ပေါ်ကျသွားခဲ့ပြီး အတွင်းက ရှပ်အကျီကြယ်သီးတွေကိုပါ တစ်ခုချင်းဖြုတ်နေလေတဲ့လက်ချောင်းရှည်တွေက အခုချိန်မှာ တားမြစ်လို့မှမရနိုင်တော့ပဲ။
"အာ ဖြည်းဖြည်း .. ဒီအကျီကဈေးကြီးတယ်ဗျ"
ခါးနားကကြယ်သီးကိုဖြုတ်ရာမှာအဆင်မပြေဖြစ်ပြီး ခပ်ကြမ်းကြမ်းဆောင့်ဆွဲနေသူကို သူ ခပ်တိုးတိုးအော်လိုက်တော့ စက္ကန့်မခြားပြန်ပြောတဲ့စကားက တကယ့်ကို billionare ပီသပါပေ့။
"နောက်ထပ်တစ်ဒါဇင်အသစ်ပြန်ဝယ်ပေးမယ် အဲဒါဆို ကိုယ် ဒီအကျီကိုဆွဲဖြဲလို့ရမလား" တဲ့။
"ခင်ဗျားချမ်းသာတာသိတယ် လာကြွားမနေနဲ့"
"အခုချိန်က ကြွားရမယ့်အချိန်လားကွာ"
ချိုသာလွန်းတယ်မဟုတ်သော်လည်း နားထောင်ကောင်းရုံ အက်ရှရှလေသံအဆုံးမှာ သူ့အကျီလေးတကယ်ဆွဲဖြဲခံလိုက်ရပါတော့သည်။ ထို့အတွက်သူ့မှာ ပြစ်တင်စကားတော့ဆိုချိန်မရလိုက်။
YOU ARE READING
I am being engaged to my enemy
Fanfictionဘယ်လိုလုပ်ရမလဲ ငါ့ရဲ့ရန်သူဲ့စေ့စပ်လိုက်ရပြီ!