Part 5

1.7K 169 9
                                    


Part 5

ရုံးခန်းကျယ်အတွင်း အေးစက်စက်လေထုရဲ့အငွေ့အသက်တွေပျံ့နှံ့နေသည်မှာ လေအေးပေးစက်ကြောင့်လား၊ ရုံးခန်းရဲ့ပိုင်ရှင်ကြောင့်လား ကွဲပြားစွာမပြောနိုင်ပါချေ။

နက်မှောင်တဲ့မျက်ခုံးနှစ်ဖက်အောက်က အနောက်ရောင်စွေးတဲ့စူးရှလှတဲ့မျက်ဝန်းတွေ၊ အပြုံးအရယ်မရှိသော တည်တင်းနေတဲ့နှုတ်ခမ်းပါးပါးတစ်စုံနဲ့ လုံးဝန်းသည်မည် လေးတောင့်လဲမဆန်လွန်းလှသော ခပ်လှလှမေးရိုးပိုင်ရှင်ရဲ့ တည်ငြိမ်အေးစက်တဲ့အသွင်သဏ္ဍန်က အကြောင်းမသိတဲ့သူမဆိုထားနှင့်၊ အကြောင်းသိတဲ့လူတွေတောင် မလန့်ပဲမနေနိုင်။

အပြုံးအရယ်မရှိသလောက်ရှားသလို၊ အမြဲလိုလိုမျက်နှာထိမျက်နှာထားနဲ့နေတတ်သော၊ မလိုအပ်ပဲ စကားအပိုတစ်ခွန်းမပြောတတ်သော၊ အလုပ်လုပ်တဲ့နေရာမှာ စာအုပ်ကြီးတစ်အုပ်လို စည်းစနစ်ကြီးမားသော ထိုရုံးခန်းပိုင်ရှင်ဟာ Mile Phakphum Romsaithong

အလုပ်လုပ်တဲ့နေရာမှာ ထက်မြက်ပြီးတိကျသူမို့ လူအများလေးစားခြင်းကိုခံရသလို ပြစ်ချက်ရယ်လို့ရှာလို့မရလောက်အောင်ချောမောသောရုပ်ရည်ကို ပိုင်ဆိုင်ထားသူမို့လဲ လူသိများကျော်ကြားတဲ့သူတစ်ယောက်ဖြစ်သည်

မိသားစုအမြောက်အမြားရဲ့ စံနမူနာသားမက်အလောင်းအလျာလေးတဖြစ်လဲ မိန်းကလေးများရဲ့ ideal boyfriend type ဖြစ်တဲ့သူက အခုချိန်ထိ ရည်းစားမထားဖူးသေးဘူးဆိုတဲ့အချက်ကြောင့်ပဲ ပိုပြီးလိုချင်မက်မောစရာဖြစ်နေခဲ့တော့သည်။

Mile ကတော့ အချစ်ကိုရှာပြီးရည်းစားထားဖို့ထက် သိပ်မကြာခင် ဆက်ခံရတော့မယ့် မိသားစုရဲ့လုပ်ငန်းကြီးတစ်ခုအတွက်သာ အာရုံထဲရှိနေခဲ့တာလည်းဖြစ်သည်။

“Boss ဖုန်းလာနေပါတယ်”

“ငါအားနေတာ မင်းမြင်လို့လား”

“မမြင်ပါဘူး Boss ဒါပေမယ့် ဆက်တာက .. “

“ဘယ်သူဆက်တာပဲဖြစ်ဖြစ် နောက်မှပြန်ဆက်လို့ပြောလိုက် … သူတို့ဖုန်းပြောချင်တဲ့အချိန် ကောက်ဆက်တိုင်းဖြေနေရအောင် ငါက ဖုန်းအော်ပရေတာမှာမဟုတ်ဘူး”

I am being engaged to my enemyWhere stories live. Discover now