Part 4

1.9K 181 16
                                    

Part 4

“ညီမလေး စားတာနည်းလိုက်တာ။ မနက်စာကို ဗိုက်ဝအောင် များများစားပေးရတယ် ညီမလေးရဲ့ အဲဒါမှ တနေကုန်အလုပ်လုပ်ဖို့အားရှိမှာ”

ပန်းကန်ထဲက ထမင်းကြော်ကို တို့ကနန်းဆိတ်ကနန်းစားနေတဲ့ Dew ကိုကြည့်ကာ အကိုဖြစ်သူက ပြောလာတော့ Dew  ခေါင်းမော့ကာ သွားဖြဲပြလိုက်မိသည်။ P’Mile က အင်မတန်မှ စည်းကမ်းကြီးသူ၊ သူမကတော့ ဒယ်ဒီနဲ့မာမီရှိစဉ်ကတည်းက အရမ်းအလိုလိုက်ခံခဲ့ရသူမို့ ဖြစ်သလိုနေတတ်စားတတ်တဲ့သူ။

“အဟီး ညီမလေးညတုန်းက အိပ်ခါနီးဗိုက်ဆာလို့ ခေါက်ဆွဲပြုတ်စားလိုက်တာ .. အဲဒါ အခုရင်ပြည့်နေသလိုဖြစ်နေလို့”

“ဟေ…ညဘက်ကြီးထစားတာလား ဘယ်သူပြုတ်ပေးတာလဲ ကိုယ့်ဘာသာပြုတ်စားတာလား လက်တွေအပူလောင်နေမှဖြင့်”

စိုးရိမ်တကြီးပြောလိုက်တဲ့ လေသံက ပျော့ပျော့ပျောင်းပျောင်းမဟုတ်ပေမယ့် သူမနားထဲ ချိုသာစွာစီးဆင်းသွားတာတော့အမှန်။ P’Mile က စကားပြောတဲ့လေသံက အမြဲတမ်း ခပ်မာမာဖြစ်နေပေမယ့် သူမကိုတော့ တုန်နေအောင်ချစ်တယ်ဆိုတာ သူမသိသည်။ သူမတို့နှစ်ယောက်မှာ ပြေးကြည့်မှ မောင်နှမ နှစ်ယောက်တည်းရှိတာကိုး။

အခုလဲမျက်မှောင်ကုတ်ပြီးမေးခွန်းထုတ်လိုက်တာဖြစ်ပေမယ့် စိတ်ပူလို့မေးတယ်ဆိုတာကိုတော့ဖြင့် သူမခံစားလို့ရနေသေးသည်သာ။

“ကိုယ့်ဘာသာပြုတ်တာမဟုတ်ပါဘူး P’Chap ကိုနှိုးပြီးပြုတ်ခိုင်းတာ”

“တော်သေးတာပေါ့ ကိုယ့်ဘာသာတော့ မလုပ်နဲ့နော် ကြားလား .. ဒါနဲ့ ညဘက်ကြီးတွေခေါက်ဆွဲစားတာလဲလျှော့နော်။ ကျန်းမာရေးနဲ့ညီညွတ်တာမဟုတ်ဘူး”

“ဟုတ်ကဲ့ပါ P’Mile ရဲ့ ညီမလေးအမြဲမစားပါဘူး”

“ညဘက်တွေဗိုက်ဆာရင် အသီးလေး ဘာလေးစား။ ဒါမှမဟုတ်လဲ နို့တို့ ဒိန်ချဉ်တို့ ရေခဲသေတ္တာထဲမှာရှိတာပဲ အဲဒါတွေစားလေကွာ။ ညီမလေးအတွက် အကုန်စီစဉ်ပေးထားတာပဲ”

P’Mile ပြေတာဟုတ်ပါသည်။ သူမက အစားကို ဆိတ်လိုစားတတ်တာမို့ P’Mile က ရေခဲသေတ္တာထဲမှာ စားစရာအစုံအလင်မပြတ်စေရအောင် ဝယ်ခြမ်းထားဖို့အိမ်က ဝန်ထမ်းတွေကို ခိုင်းစေထားပြီးသား၊ အဲဒီလိုစားစရာတွေအစုံရှိနေတာကိုမှ ခေါက်ဆွဲပြုတ်ကိုကြိုက်တတ်လို့ P’Mile က သဘောမကျ၊ ဒါပေမယ့် မတတ်နိုင် သူမက ခေါက်ဆွဲပြုတ်ကိုကြိုက်တာကိုး။

I am being engaged to my enemyWhere stories live. Discover now