Part 7

3.8K 208 76
                                    


Part 7

"Apo နင် new year eve ကျရင် ငါ့ဆီမလာလို့မရဘူးနောန"

"ဟာ မလာချင်ပါဘူး ငါနဲ့သိတဲ့လူလဲမရှိပဲနဲ့"

ပါးစပ်ထဲကို ပေါင်မုန့်ထိုးထည့်ရင်းကပဲ Dew စကားကို Apo ခေါင်းတခါခါနဲ့အမြန်ငြင်းရတယ်။

Pink မွေးနေ့ပြီးသွားကတည်းက သူသေချာနားလည်လိုက်တာတစ်ခုက သူက Dew တို့လို လူချမ်းသာအသိုင်းအဝိုင်းတွေနဲ့ တကယ်ကိုမအပ်စပ်။

မသိတဲ့သူတွေကိုဟန်လုပ်ပြုံးမပြချင်လို့ ဝတ်ကောင်းစားလှတွေနဲ့ အပေါ်ယံတွေကိုသာအထင်ကြီးတတ် အဟုတ်ကြီးထင်တတ်ကြသူတွေကို သူသဘောမကျလှပါ

"ဟဲ့ ငါတစ်ယောက်လုံးရှိတာကို နင်ကသိတဲ့သူမရှိဘူးဆိုတော့ ငါကလူမဟုတ်ပဲ ခွေးလား"

"အေးလေ ဟောင်ကြည့်စမ်း ဝုတ် ဝုတ်လို့"

"တိတ်စမ်း .. မသာ .. အပိုတွေပြောမနေနဲ့ နင်မလာရင် နင့်ကိုသေခန်းရှင်ခန်း အခန်းအကုန်ဖြတ်လိုက်မယ်"

"နင်ကလဲ ... အဲလိုအသိုင်းအဝိုင်းကြီးလုပ်တဲ့ပွဲတွေဆိုရင် ငါနဲ့ကီးမကိုက်တာ နင်လဲသိသားနဲ့"

"ဒါပေမယ့် နင် Pink မွေးနေ့ကျတော့သွားတယ်လေ"

"ဟာ အဲဒါကတော့.."

အဲဒါကတော့ သူကအဲဒီတုန်းက Pink နဲ့အဆင်ပြေမယ်ထင်ပြီး ဖွန်ကြောင်ချင်တဲ့စိတ်နဲ့ကိုး၊ အဲလိုသွားမိလို့လဲ ဟို လူ့အမှိုက်ကောင် P'Mile ဆိုတဲ့ လူနဲ့တွေ့ခဲ့တာပေါ့။

Pink နဲ့လူကြီးချင်းသဘောတူတဲ့ကိစ္စကစပြီး ကြည့်မရခဲ့တာမမှန်ပေမယ့် အဲဒါတစ်ခုတည်းကြောင့်ကြည့်မရတာမဟုတ်၊ အဲဒီလူနဲ့ဆုံလိုက်တိုင်း လူကိုဂရုမစိုက်သလို၊အထင်မကြီးသလို စူးစူးရဲရဲကြည့်တတ်တဲ့အကြည့်တွေကိုမကြိုက်တာကပိုတယ်။

ဟိုတစ်ပတ်ကလဲ သူများဆိုင်ကယ်ပေါ်အတင်းတက်ခွပြီး ခိုင်းစားသွားသေးတာလေ၊ ပြီးတော့ လူကိုလဲ တင်းတင်းကြပ်ကြပ်ဖက်ထားသေးတာ။

တွေးမိရုံနဲ့ အဲဒီလက်တွေရဲ့ အထိအတွေ့တွေကို သတိရသွားပြီး ခုနက နံရံကိုလျော့တိလျော့ရဲမှီထားတဲ့ ကျောပြင်ဟာ အနည်းငယ်မတ်လို့သွားတယ်။

You've reached the end of published parts.

⏰ Last updated: May 16, 2022 ⏰

Add this story to your Library to get notified about new parts!

I am being engaged to my enemyWhere stories live. Discover now