Part 2

3.2K 280 30
                                    

Part 2

ခါးအောက်ပိုင်းက အောင့်မျက်နေတဲ့ခံစားမှုရယ်၊ ရင်ဘတ်ပေါ်ပိကျနေတဲ့ခန္တာကိုယ်နွေးနွေးရယ်ကြောင့် သူ့ဦးနှောက်က မနေ့ညကအဖြစ်အပျက်တွေကို အသေးစိတ်မှတ်မိလာတာမို့ သွေးလည်းဆောင့်တက်ရသည်။

ညက P'Mile နဲ့သူ့ရဲ့ ပထမဆုံးအကြိမ် အတူနေမိခဲ့ကြသလို P'Mile က စေ့စပ်လက်စွပ်စွပ်ပေးတာကိုလည်း သူလက်ခံခဲ့မိသည်မဟုတ်ပါလား။

ဒီအဖြစ်အပျက်ဟာ သူ့အတွက် တကယ်သွေးပျက်ဖွယ်ရာအဖြစ်အပျက်ကြီးတစ်ခုဖြစ်သည်။

P'Mile နဲ့ သူနဲ့ .. စေ့စပ်ကြဖို့မပြောနဲ့ သွေးသားချင်းဆက်ယှက်ဖို့တွေ၊ တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးဖို့တွေဆိုတာ ၃ နဲ့ ၄ ဆို ဆန့်ကျင်ဘက်ကိစ္စတွေ။

ဒါပေမယ့် ... လွဲချော်မှုသေးသေးလေးတွေစုကာ အကြီးစားလွဲချော်မှုကြီးတစ်ခုဖြစ်သွားရချေပြီ။

"shit ! ဟေ့လူ ထစမ်း"

မနက်ခပ်စောစောမှာ ထွက်ပေါ်လာတဲ့အသံက ခပ်ကျယ်ကျယ်။

သူ့ခန္တာကိုယ်ကြီးမှအားမနာ Apo ကိုယ်ပေါ်ကို လုံးလုံးကျကျပစ်ကျကာ အိပ်နေတာအသေကောင်ကြီးအတိုင်း။

သောက်မြင်ကတ်ကတ်နဲ့ အားကုန်သုံးကာ တွန်းဖယ်လိုက်တော့မှ မျက်လုံးကြီးပြူးပြီး သူ့ကိုကြည့်လာတဲ့ P'Mile

"ဟာ .. ဘာလဲကွာ Apo ရာ ကိုယ်ဒီမှာအိပ်နေတာမမြင်ဘူးလား"

"ခင်ဗျား .. ခင်ဗျား အသက်ကြီးပြီးအချိန်မစီးတဲ့သူ"

"အချိန်လဲစီးတယ် ပစ္စည်းလဲကြီးတယ် ညက မင်းမသိတာလဲမဟုတ်ပဲနဲ့ကွာ"

P'Mile နှုတ်ကထွက်လာတဲ့စကားကြောင့် သူ့မျက်နှာကို မီးလာဟပ်သလို ပူဆင်းသွားတာများ။

ဒီလူ့ပါးစပ်ကမပြောရဲတဲ့စကားဆိုတာ မရှိတော့ဘူးလားမသိ၊ ညတုန်းကလို ဆင်ဆာမဲ့စကားတွေ အမြောက်အများပြောခဲ့ပြီး အခုလဲ ထိုသို့စကားတွေပြောနေပြန်ပြီ။

"ခင်ဗျားကြီးကလေ .. ဘီလူးခေါင်းဆောင်းထားတဲ့မင်းသားလိုပဲ .. လူကွယ်ရာရောက်မှ အစွယ်တွေထုတ်ပြတယ်နော်။ ခင်ဗျားကိုလူကြီးလူကောင်းဖြစ်မယ်ထင်ထားတာ အခုလို သူများသားပျိုကို စော်ကားတတ်မယ့်လူလို့မထင်ထားဘူး"

I am being engaged to my enemyWhere stories live. Discover now