အက်ကြောင်းတို့၏မြစ်ဖျားခံရာ🌵

14.2K 391 17
                                    

        ယုဇနပင်ပုလေးတွေတန်းစီကာဖွေးဖွေးလှုပ်အောင်ပွင့်နေကြသဖြင့်အသက်ရှူလိုက်တိုင်းမွှေးရီချိုမြသောရနံ့တို့ကစိတ်ကြည်နူးဖွယ်ဝေ့ဝဲနေကြ၏..။
           မင်းပိုင် တို့ခြံကြီး၏ အနောက်ဘက်တွင်ရှိသော အရိပ်ကောင်းလှသည့် ခရေပင်ကြီးကိုကွပ်ပျစ်သဖွယ်ပတ်ဝိုင်းရိုက်ထား
သည့် သစ်သားခုံကြီးပေါ်တွင် မင်းပိုင် နှင့် ထင်ကြီး တို့ ဂစ်တာခေါက်လိုက် စာရွက်ပေါ်မှာ ဘောပင်န်တစ်ချောင်းဖြင့်ရေးမှတ်လိုက်နှင့်ခေါင်းချင်းဆိုင်နေကြသည်။
        တစ်ခါတစ်ရံ တစ်​ယောက်တစ်လှည့်စီငယ်နာမည်​တွေ​ခေါ်​နေတတ်ကြသည်လည်းရှိကာ နှစ်​ယောက်တည်းနှင့်ပွဲစည်​နေကြ​လေ၏ ..။
                သူ က​တော့ ထိုနှစ်​ယောက်နှင့်မလှမ်းမကမ်းတွင် ကွပ်ပျစ်​ပေါ်မှခြေချထိုင်ပြီးစီးကရက်ရှိုက်နေလျက်မှ လွန်ခဲ့သောသုံးရက်ခန့်က တင်ထားခဲ့သော သူ ၏ကိုယ်ပိုင်သံစဥ်သီချင်းဖြစ်သည့်  "ကိုယ့်မိန်းကလေး" အခြေအနေဘယ်လိုရှိသလဲဆိုတာသိရအောင် Page  ထဲဝင်ကြည့်လိုက်၏။
                     Like & Share က 2k ကျော်နေပြီဖြစ်ကာ viewers အရေအတွက်လည်း 3Kနီးပါးရှိနေပြီဖြစ်သောကြောင့် အရင်တင်ခဲ့ဖူးသော သီချင်းများထက် အခြေအနေပိုကောင်းသည်ဟုပြော၍ရသည်။ မိန်းကလေးပရိတ်သတ်တွေကသာမက ယောက်ျားလေးပရိတ်သတ်တွေလည်း တော်တော်များများနှစ်သက်ကြပုံရသည်။
          Comment တွေမှာလည်း good review တွေများသည်မို့ ဝင်ဖတ်နေရင်းမှ ကျေနပ်ကြည်နူးခြင်းတွေတိုးသထက်တိုးလာရ၏။
         တဆက်တည်းမှာပဲ ဒီသီချင်းကိုပထမဆုံးနားထောင်ခွင့်ရသူ ဖြစ်သော်လည်း မည်သို့မှခံစားရပုံမပေါ်ခဲ့သည့် သက်မှူး ၏ မျက်နှာလေးကိုလည်းမြင်ယောင်လာမိသည်။ သို့သော် ..သူမ အပေါ်  စိတ်မကွက်မိပါ။ သူ နှင့်ပတ်သက်လို့ သူမ ဘက်ကခါးခါးသီးသီးဖြစ်နေသည့်အကြောင်းအရာက ဒီကိစ္စတစ်ခုတည်းသာမို့နားလည်ပေးဖို့သာ ကြိုးစားချင်မိသည်။
           သူမ အကြောင်းတွေးရင်း မှိုင်းညို့လာသည့်အတွေးစများကို မောင်းထုတ်ကာ ဖုန်း screenကိုသာ အာရုံပြန်စိုက်လိုက်သည်။
             ဘဝမှာ တစ်ခါတစ်ရံတော့လည်းပျော်စရာအခိုက်အတန့်တွေရှိတတ်သေးတာပါပဲလား ..။
   ဘာလိုလိုနဲ့ ဂီတလောက၏ underground မှာကျင်လည်နေခဲ့တာ လေးနှစ်နီးပါးပင်ရှိတော့မည်ထင်သည်။ ပရိတ်သတ်လက်ခံ
သည့်နာမည်ရအဆိုတော်တစ်ယောက်ဖြစ်လာဖို့ဆိုတာ အခုထိအိမ်မက်သာသာ ဖြစ်နေသေးပေမယ့်လည်း ဖမ်းဆုပ်မရနိုင်လောက်တဲ့အထိတော့ ဝေးကွာမနေနိုင်တော့ပြီထင်သည်။ သူ အကောင်းဆုံးကြိုးစားထား
သမျှတစ်နေ့မှာအရာထင်လာလိမ့်မည်ဆိုတာ
တထစ်ချယုံကြည်ထားမိ၏။
                "အားပေးကြတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။ကြိုးစားနေလျက်ပါ" ဆိုသော သူ၏
First comment အောက်တွင် သူ့ ကို reply လုပ်ပြီးဝင် ment ထားကြသူများမှာလည်း
အရေအတွက်မနည်းပေ။  သူတို့ အသံသွင်းနေကျဖြစ်သော မင်းပိုင် တို့လမ်းထဲတွင်ရှိ
သည့် studio မှကိုဇေကြီး ကလည်း လက်မထောင်နေသည့်Gif File လေးဝင် ment ထားသေးသည်။
        " ကိုလင်းခေတ် ရဲ့ Big Fan  ပါ ..
မိန်းကလေးတစ်ယောက်ကိုချစ်မြတ်နိုးတဲ့အကြောင်း ရိုးရိုးလေးဖန်တီးထားတဲ့ဒီသီချင်း
လေးကိုလည်းအရမ်းကြိုက်ပါတယ် ..
ဂီတလူ သီချင်းထဲက အားပေးလာခဲ့တာပါ .. ဆက်ပြီးတော့လည်းအားပေးနေဦးမှာပါ ..
ကိုလင်းခေတ် ရဲ့Vocal Colour က ဒီလို slow rock လေးတွေနဲ့လည်းအရမ်းလိုက်တယ်လို့ခံစားရပါတယ် ..ရှေ့ဆက်ပြီးကျန်းကျန်းမာမာနဲ့သီချင်းတွေအများကြီးဆက်ပြီးဖန်တီးနိုင်ပါစေ ..🌻"
         ကိုဇေ့ ment အောက်တွင် ဆက်တိုက်ပေါ်လာသည်ကသူ့ကို  reply လုပ်ပြီး ment ထားသမျှတွေထဲမှာ အရှည်ဆုံး comment ဖြစ်သည်။
         ဒီ comment လေးက သူ့အတွက်တော့အချိုပေါ်သကာလောင်းသလိုဖြစ်သွားသည်မို့  ကိုယ့်ကိုကိုယ်သတိမထားမိခင်မှာပဲ heart singn လေးကို အလိုလို နှိပ်မိပြီးသားဖြစ်သွား၏..။
      
     "အံမာ .. ! ဟေ့ကောင် .. လင်းခေတ် ဘယ်သူ့ကိုဖွန်ကြောင်နေလို့ ဖုန်းကြည့်ပြီးသောက်ခွက်ကပြုံးဖြီးနေရတာလဲ  .. ခေါ်မကြားအော်မကြားနဲ့ .."

You 're  My Destiny💌Where stories live. Discover now