Love you more than I can say🧀

10.1K 450 47
                                    

" တိုက်ခန်းသေးသေးလေးတုန်းကလည်း
သစ်ပင်ပန်းပင်လေးတွေနဲ့စိမ်းစိုလို့ ..
condo ကျပြန်တော့လည်း studio ခန်းအမိုက်စားကြီးနဲ့ဆိုတော့ ..
အာရုံတွေလန်းလာပြန်ရော ..
မိုက်တယ်သားကြီးရာ ..
ငါ့ရဲ့တိမ်မြုပ်လုလုအဆိုတော်
ပိုးတွေတောင်ပြန်ပြီးထကြွလာသလိုပဲ .. "

ရှင်းသန့်ထင် သည် စကားအဆုံး၌လက်ထဲတွင်ကိုင်ထားဆဲဖြစ်သည့် holo ဂစ်တာ
လေးအားပြီး တစ်ချက်နှစ်ချက်မျှဆွဲခတ်လိုက်ပြီးနောက်နီညိုရောင်လယ်သာဆိုဖာ
ခုံပုလေးတွင်ထိုင်ချလိုက်၏ .. ။
လူမင်းပိုင်  ကလည်း အရောင်အသွေးစုံ design စုံအောင်ချိတ်ထားသည့်ဂစ်တာများ၏အနောက်မှမြန်မာ့ဂီတလောက၏ထာဝရဂန္တဝင်အဆိုတော်ကြီး
ထူးအိမ်သင် ၏ ပုံတူခဲပန်းချီအားလက်ချောင်းတို့ဖြင့်ဖွဖွထိတွေ့နေပြီးမှ
ရှင်းသန့်ထင် နှင့်မျက်နှာချင်းဆိုင်ခုံတွင်
ဝင်ထိုင်လိုက်လျက် ..

" ငါကတော့ ဦးငှက်ပုံတူပန်းချီကိုရှယ်ကြွေ
နေတာ .. မိုက်တယ် လင်းခေတ် ရာ ..
မင်းဘဝကြီး ကတော့ တကယ်ကိုအားကျစရာပဲ .. ပရိတ်သတ်
ကလည်းတော်တော်လေးလက်ခံအားပေးလာကြပြီ ..  album တစ်ပုဒ်လုံးလိုလိုပဲသီချင်းတွေကလည်းပေါက်သွားတဲ့အပြင် ..
FM   မှာပါဆုရလိုက်သေးတာဆိုတော့ ..
မင်း ရဲ့အောင်မြင်မှုတွေကမျှော်လင့်ထားတာထက်ကိုပိုတယ်လို့ပြောလို့ရနေပြီ .. "

" ဘယ်ကဦးမှာလဲ .. လင်းခေတ် တို့အတွက် .. ဒီနှစ်က စုတ်ရောလာဘ်ရော
ဝင်တဲ့နှစ်ပါဆိုမှ .. အနားမှာဆေးပေးမီးယူလေးကလည်း အဆင်သင့်.. ဆိုတော့ ..
ရုပ်ကိုကြည့်ပါလား .. လပြည့်ဝန်းကြီး
ကိုပျားရည်ဆမ်းထားရင်တောင် ဒီကောင့်မျက်နှာလောက်ချိုအီနေမှာမဟုတ်ဘူး .. "

" ကဲ ... ! တော်ကြပါတော့ကွာ ..
မင်းတို့တွေဘယ်လောက်မြှောက်မြှောက်ကော်ဖီတစ်ခွက်အပြင်ပိုမတိုက်ဘူး ..
ဟေ့ကောင်တွေ ..
မျိုစရာရှိတာအေးဆေးမျိုကြ .. "

ညိုလင်းခေတ် သည် ကော်ဖီခွက်များထည့်ထားသည့်လင်ပန်းအား ကျွန်းရောင်ပြောင်လက်နေသည့်ကြိတ်ပေါင်းသားစားပွဲ
ပုလေးပေါ်၌တင်ပေးလိုက်ပြီးနောက်
သူ့ ဆီရောက်ကတည်းက
ဟိမဝန္တာချီးမွမ်းခန်းဖွင့်၍မဆုံးနိုင်အောင်
ဖြစ်နေကြသည့်နှစ်ကောင်အားခပ်ကြိတ်ကြိတ်လေသံဖြင့်ပြောလိုက်၏ .. ။
မဆုံဖြစ်ကြသည်မှာ အတော်လေးပင်ကြာ
နေပြီဖြစ်လေသော သူ၏အကောင်းစားသူငယ်ချင်းနှစ်ယောက်သည်
condo အသစ်သို့ရောက်ဖူးလှချင်ရဲ့တကဲကဲဖြစ်နေခဲ့ကြပြီးနှစ်ပတ်မျှအကြာတွင်​တော့
လူကိုယ်တိုင်ပင်ကိုယ်ထင်ပြလာကြတော့
လေသည် .. ။ သူ သည် လူမင်းပိုင် တို့
ရောက်မလာမီနာရီပိုင်းအလိုခန့်ကပင်
ကိုဇေကြီး နှင့်အတူ အတီးပိုင်းအသံသွင်း
ပြီးသွား၍အိမ်သို့ပြန်ရောက်ခါစဖြစ်ပြီး
ရေချိုးဖို့ပြင်ဆင်နေဆဲဖြစ်၏ .. ။
ထို့ကြောင့်ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာ
ကြသည့်ထိုနှမဘေးနှစ်ကောင်အား
ဧည့်မခံနိုင်သေးဘဲရေအရင်ချိုးနေဆဲတွင်
သကောင့်သားများကအချောသတ်ပြင်ဆင်၍မပြီးစီးသေးသည့်
သူ၏ studio ခန်းထဲသို့စိတ်ကြိုက်ဝင်မွှေနေကြခြင်းပင်ဖြစ်လေ၏ .. ။

You 're  My Destiny💌Where stories live. Discover now