ရင်ခုန်ပန်းတို့ပွင့်လန်းရာ .. အခန်းငယ်🏕

13.5K 436 57
                                    

Password အားရိုက်ထည့်ပြီးနောက်အခန်းတွင်းသို့နှစ်ယောက်အတူဝင်လာခဲ့လျက်မျက်နှာကျက်နံရံအတွင်း၌ထည့်မြုပ်လျက်တပ်ဆင်ထားသောပြာလဲ့လဲ့မီးပွင့်လေးများအားဖွင့်လိုက်ပြီးသည်အထိ မောင့် လှုပ်ရှားမှုများမှာမငြင်သာခဲ့ပေ .. ။ အမွန်း သည် condo သို့ပြန်လာရာလမ်းတစ်လျှောက်လုံးသာမကဧည့်ခန်းသို့ခြေချမိသည်အထိ
တည်တင်းမာထန်နေဆဲ မောင့် မျက်နှာအား
မရဲတရဲခိုးကြည့်နေခဲ့မိ၏ ..။
မောင် ... ဘာများဖြစ်နေပါသနည်း ..။
အလုပ်ကိစ္စတွင် အဆင်မပြေတာတစ်ခုခုများရှိ၍လား ..။
အခုရက်ပိုင်းတွင် second album အတွက်ရော live show ရိုက်ကူးရေးများပါတောက်လျှောက်ဆက်နေသည်မို့စိတ်ဖိစီးမှုတို့ဖြစ်နေ၍လား ..။
သို့တည်းမဟုတ် .. မောင့် ထံ၌ အမွန်း မသိရှိရသေးသည့်ပြဿနာတစ်စုံတစ်ခုရှိနေသည်လား ..။
ဒီနေ့အဖို့အခါများစွာကဲ့သို့ သူမ အနားတွင်
ထွေးထွေးဖက်ဖက်မရှိ​တော့​လေသည့်
​မောင် သည်​ဧည့်ခန်းကျယ်အားဖြတ်​ကျော်လျက်​ခြေလှမ်းကျဲတို့ဖြင့်ထွက်ခွာ​လျှောက်လှမ်းသွား​လေရာ အမွန်း သည် ခလုတ်တိုက်လဲမတတ်အမှီလိုက်လျက်လက်​မောင်းတစ်ဖက်အားအနောက်မှလှမ်းဆွဲလိုက်မိပြီး ..

" မောင် ညနေစာ .. ဘာစားချင်လဲဟင် .. "

အမွန်း သည် မောင့် ရှေ့၌မျက်နှာချင်းဆိုင်ရပ်လိုက်ပြီးနောက်အရယ်အပြုံးတို့ကင်းမဲ့နေသည့်မျက်နှာအား မော့ငေးကာခပ်တိုးတိုးမေးလိုက်မိ၏ ..။ လက်မောင်းရင်း၌ထိကိုင်ထားသည့်လက်အစုံအားရှည်သွယ်သည့်လက်ချောင်းတို့ဆီသို့ရွေ့လျားထွေးဆုပ်လိုက်မိပါသော်လည်းတုံ့ပြန်ခြင်းတို့ဖြစ်တည်မလာသောအထိအတွေ့ကိုလည်းကောင်းစွာခံစားလိုက်ရ၏ ..။
မောင် သည် အမွန်း အားငုံ့မိုးကြည့်နေခဲ့သော်လည်းနီရဲနေသည့်မျက်ဝန်းထောင့်များ
ကြောင့်တစ်စုံတစ်ရာအားခက်ခဲစွာမျိုသိပ်ထိန်းချုပ်နေရသည်ဆိုခြင်းမှာလည်းသိသာလွန်းနေသည် ..။ ထို့အပြင်မေးကြောတို့တင်းနေသည်အထိတန်းမတ်စွာစေ့ပိတ်ထားသည့်နှုတ်ခမ်းအစုံ
ကလည်း အမွန်း ၏နှုတ်ဖျားမှခုန်ထွက်လုလု
​​စကားလုံးတို့ကိုလည်းတိမ်မြုပ်​ပျောက်ကွယ်
သွားကြ​စေ၏ ..။

You 're  My Destiny💌Where stories live. Discover now