[UNICODE]
".......လူကြီးမင်းတို့အတွက် သာယာတဲ့ခရီးစဉ်လေးဖြစ်စေဖို့ ဆုတောင်းပေးပါတယ်ရှင့်"
နားစွန်နားဖျားကြားလိုက်ရတဲ့ အသံတစ်စွန်းတစ်စကြောင့် လေးလံနေသည့်မျက်ခွံများပွင့်လာရသည်။ အင်း...ရောက်တောင်ရောက်လာပြီပဲ။ ဘေးနားကိုလှည့်ကြည့်လိုက်တော့ ပါးစပ်လေးဟကာ အိပ်မောကျနေသည့် ချစ်ရသူလေး။ ပြတင်းပေါက်ဖက်ကို ခေါင်းစောင်းပြီးအိပ်နေတဲ့ပေါက်စက နားနှစ်ဖက်မှာ airpodကလည်းတပ်ထားသေးသည်။ သူညကခြုံပေးထားသည့် စောင်အထူကြီးကတော့ ထိုင်ခုံအောက်မှာပုံလျက်သား။ ဒီကောင်လေးက အဲ့လိုပဲ။ အိပ်နေရင် ဘာမှကိုမသိတော့တာ။
ခါးကိုမတ်လိုက်ကာ ဆန့်ဆန့်ထိုင်လိုက်ပြီး ဘေးဘီဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်တော့ လေယာဉ်ပေါ်ကဆင်းဖို့ ကိုယ်စီအထုတ်သယ်နေကြတဲ့ ခရီးသည်တွေ။ သူတို့လည်းမကြာခင်ဆင်းရတော့မှာမို့ ဘေးကအိပ်ပုတ်လေးကို မနှိုးရက်ပေမယ့် နှိုးရအုံးမည်။ အရင်ဦးဆုံး ခေါင်းလုံးလုံးလေးကိုအသာအယာမကာ airpodနှစ်ခုကိုဖြုတ်ယူလိုက်ပြီး caseထဲထည့်လိုက်သည်။ ဒီလိုကြိုလုပ်ထားမှ။ မဟုတ်ရင် ကိုယ်တော်က airpodဆိုပျောက်တတ်လွန်းလို့။
"ကုကု...ကုကု"
အိပ်ပုတ်လေးဆိုတဲ့အတိုင်း တော်တော်နဲ့မနိုး။
"ကုကုလေးရေ...ထတော့ ထတော့ ကိုယ်တို့ရောက်လာပြီ"
လက်မောင်းကိုခပ်ဖွဖွလှုပ်နှိုးတော့မှ အိပ်စုံမှုန်မွှားနဲ့လှုပ်ရှားလာတဲ့သူလေး။ ဒါတောင်မျက်စိကအပြည့်ပွင့်သေးတာမဟုတ်။
"ဟမ်...အစ်ကို ရောက်ပြီလား"
"အင်း...ကိုယ်တို့လေယာဉ်ခုနကပဲဆိုက်တာ လာ...ထ...အထုတ်တွေယူပြီး လေယာဉ်ပေါ်ကဆင်းရအောင်"
အဲ့တော့မှလူးလဲထပြီး အကျောတွေဘာတွေဆန့်နေတဲ့ ပေါက်စလေး။ ချက်ချင်းကိုတက်ကြွလာတာများ အိပ်ရာနိုးခါစလို့တောင်မထင်ရ။ တကယ်လည်း ဒီ'မြန်မာ'နိုင်ငံခရီးစဉ်ကို သူ့ထက်စာရင် သူ့အမျိုးသားလေးက ပိုပြီးစိတ်လှုပ်ရှားနေခဲ့တာလေ။
-------TBC
[ZAWGYI]
".......လူႀကီးမင္းတို႔အတြက္ သာယာတဲ့ခရီးစဥ္ေလးျဖစ္ေစဖို႔ ဆုေတာင္းေပးပါတယ္ရွင့္"
နားစြန္နားဖ်ားၾကားလိုက္ရတဲ့ အသံတစ္စြန္းတစ္စေၾကာင့္ ေလးလံေနသည့္မ်က္ခြံမ်ားပြင့္လာရသည္။ အင္း...ေရာက္ေတာင္ေရာက္လာၿပီပဲ။ ေဘးနားကိုလွည့္ၾကည့္လိုက္ေတာ့ ပါးစပ္ေလးဟကာ အိပ္ေမာက်ေနသည့္ ခ်စ္ရသူေလး။ ျပတင္းေပါက္ဖက္ကို ေခါင္းေစာင္းၿပီးအိပ္ေနတဲ့ေပါက္စက နားႏွစ္ဖက္မွာ airpodကလည္းတပ္ထားေသးသည္။ သူညကျခဳံေပးထားသည့္ ေစာင္အထူႀကီးကေတာ့ ထိုင္ခုံေအာက္မွာပုံလ်က္သား။ ဒီေကာင္ေလးက အဲ့လိုပဲ။ အိပ္ေနရင္ ဘာမွကိုမသိေတာ့တာ။
ခါးကိုမတ္လိုက္ကာ ဆန႔္ဆန႔္ထိုင္လိုက္ၿပီး ေဘးဘီဝန္းက်င္ကို တစ္ခ်က္အကဲခတ္လိုက္ေတာ့ ေလယာဥ္ေပၚကဆင္းဖို႔ ကိုယ္စီအထုတ္သယ္ေနၾကတဲ့ ခရီးသည္ေတြ။ သူတို႔လည္းမၾကာခင္ဆင္းရေတာ့မွာမို႔ ေဘးကအိပ္ပုတ္ေလးကို မႏွိုးရက္ေပမယ့္ ႏွိုးရအုံးမည္။ အရင္ဦးဆုံး ေခါင္းလုံးလုံးေလးကိုအသာအယာမကာ airpodႏွစ္ခုကိုျဖဳတ္ယူလိုက္ၿပီး caseထဲထည့္လိုက္သည္။ ဒီလိုႀကိဳလုပ္ထားမွ။ မဟုတ္ရင္ ကိုယ္ေတာ္က airpodဆိုေပ်ာက္တတ္လြန္းလို႔။
"ကုကု...ကုကု"
အိပ္ပုတ္ေလးဆိုတဲ့အတိုင္း ေတာ္ေတာ္နဲ႔မနိုး။
"ကုကုေလးေရ...ထေတာ့ ထေတာ့ ကိုယ္တို႔ေရာက္လာၿပီ"
လက္ေမာင္းကိုခပ္ဖြဖြလႈပ္ႏွိုးေတာ့မွ အိပ္စုံမႈန္မႊားနဲ႔လႈပ္ရွားလာတဲ့သူေလး။ ဒါေတာင္မ်က္စိကအျပည့္ပြင့္ေသးတာမဟုတ္။
"ဟမ္...အစ္ကို ေရာက္ၿပီလား"
"အင္း...ကိုယ္တို႔ေလယာဥ္ခုနကပဲဆိုက္တာ လာ...ထ...အထုတ္ေတြယူၿပီး ေလယာဥ္ေပၚကဆင္းရေအာင္"
အဲ့ေတာ့မွလူးလဲထၿပီး အေက်ာေတြဘာေတြဆန႔္ေနတဲ့ ေပါက္စေလး။ ခ်က္ခ်င္းကိုတက္ႂကြလာတာမ်ား အိပ္ရာနိုးခါစလို႔ေတာင္မထင္ရ။ တကယ္လည္း ဒီ'ျမန္မာ'နိုင္ငံခရီးစဥ္ကို သူ႔ထက္စာရင္ သူ႔အမ်ိဳးသားေလးက ပိုၿပီးစိတ္လႈပ္ရွားေနခဲ့တာေလ။
-------TBC