[UNICODE]
'Travelodge'ဆိုတဲ့အထပ်မြင့်အဆောက်အအုံထဲသို့ အထုတ်တွေဆွဲကာ ရှေ့ကနေဦးဆောင်ဝင်သွားတဲ့ Hoseok။ သူတို့စုံတွဲလည်း နောက်ကနေလိုက်ဝင်ရင်း ဟိုတယ်ရဲ့ အဆင်အပြင်ကို မျက်စိဝေ့ကာ ကြည့်မိကြသည်။ ဟိုတယ်Lobbyဖြစ်သည့်အလျောက် ဆိုဖာထိုင်ခုံများနဲ့အတူ မှန်ဆက်တီခုံလှလှလေးများကိုပါ တွေ့ရလေသည်။ ထူးခြားတာကတော့ အခန်းရဲ့အလယ်မှာ ဝင့်ဝင့်ကြွားကြွားရှိနေတဲ့ ဆင်ပန်းပုရုပ်ကြီး။ ရုတ်တရက်ကြည့်ရင် အစစ်လို့ထင်ရလောက်အောင် ထုလုပ်ထားပုံက အသေးစိတ်ကျပြီး လက်ရာမြောက်လှသည်။ ဆင်ရုပ်ကြီးရဲ့ နှာမောင်းနားကနေ ငေါထွက်နေသောနို့နှစ်ရောင်ဆင်စွယ်ကြီးနှစ်ခုကလည်း လာတည်းသမျှTouristတိုင်းကို အမြင်အားဖြင့် ဆွဲဆောင်နေမှာအသေအချာပင်။ အပေါ်ကိုမော့ကြည့်လိုက်ရင်တော့ မျက်နှာကျက်အမြင့်ကြီးကနေ ချိတ်ဆွဲထားသော ရောင်စုံမီးဆိုင်းကြီးကို မြင်ရလိမ့်မည်။ ဒါတင်မကသေး။ အခန်းရဲ့ ဘေးပတ်ပတ်လည်နံရံတွေမှာလည်း ကျွန်းကနုတ်တွေနဲ့ အလှဆင်ထားသည်မှာ မြန်မာမှု၊ မြန်မာဟန်ကို ထင်ဟပ်စေသည်။ တကယ်ပင် ဒီဟိုတယ်သည် 'မြန်မာ'နိုင်ငံသို့လာရောက်လည်ပတ်သော သူတို့လိုနိုင်ငံခြားခရီးသွားတွေကို တစ်မျိုးမျိုးတစ်ဖုံဖုံဖြင့် မျက်စိပသာဒပေးစွမ်းနိုင်သည်ဟု ဆော့ဂျင်စိတ်ထဲကတွေးမိသည်။
-------
"Seokjin hyung..ဒါhyungတို့တည်းရမယ့်အခန်းပဲ ဟိုတယ်ကိုကျွန်တော်သေချာလေးrequestလုပ်ခဲ့တာမို့လို့ အဆင်ပြေမှာပါ တကယ်လို့hyungတို့ တစ်ခုခုသဘောမကျတာရှိခဲ့ရင်လည်း ဒီကဝန်ထမ်းတစ်ယောက်ယောက်ကို လှမ်းပြောလို့ရတယ်နော်"
"ကျေးဇူးတင်ပါတယ် Hoseok-shi"
"ရပါတယ်ဗျာ ဒါကျွန်တော့်အလုပ်ရဲ့တစ်စိတ်တစ်ပိုင်းပဲလေ အာ ပြီးတော့ Hoseok-shiဆိုတာချည်းမလုပ်ပါနဲ့တော့ hyungပဲပေါ့ပေါ့ပါးပါးပြောလို့ရတယ်ပြောခဲ့ပြီးတော့...ဒီတိုင်းHoseokပဲခေါ်ပါလား"
"Hoseok-ah ကျေးဇူးတင်ပါတယ်ကွာ"
"hyungကလည်း ရပါတယ်ဆိုနေမှ...ဒီနေ့တစ်ရက်တော့ လေယာဉ်စီးလာတာကြောင့်ရော၊ ခရီးပန်းလာတာရောဆိုတော့ ဒီမှာပဲပြည့်ပြည့်ဝဝအနားယူလိုက်ပါ ကျွန်တော်မနက်ဖြန်မနက်ကျမှ အပြင်ထွက်ဖို့လာခေါ်ပါ့မယ် ကဲ ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအုံး"