[UNICODE]
📱🔊
"ယောဘိုဆယ်ယို..nae..ကျွန်တော်တို့ခုပဲလေယာဉ်ပေါ်ကဆင်းလာပြီဗျ"
"......."
"ဘယ်ဘက်နားလောက်မှာလဲ"
"......."
"ခဏလေးနော်...အာ..တွေ့ပြီ တွေ့ပြီ ရှပ်အဝါရောင်နဲ့တစ်ယောက်မလား"
လေယာဉ်ပေါ်ကဆင်းဆင်းချင်း ဖုန်းသံမြည်လာလို့ ကောက်ကိုင်လိုက်တော့ tourist guideဆီက။ ဖုန်းထဲကပြောတဲ့အတိုင်း ဟိုဟိုဒီဒီမျက်စိကစားလိုက်တော့ တွေ့ပါပြီ။ ဆံပင်အနက်ရောင်ကိုနဖူးပေါ်လှန်တင်ထားတဲ့ ရှပ်အင်္ကျီလက်ရှည်အဝါနုနုနဲ့ ခပ်ငယ်ငယ် အမျိုးသားတစ်ယောက်။ လက်မှာလည်းဆိုင်းဘုတ်ကြီးကြီးတစ်ခုကို ကိုင်ထားသေးသည်။ မျက်နှာကပြုံးရောင်သန်းနေပေမယ့် မျက်လုံးတွေကတော့ သူတို့ကိုရှာနေပုံ။ အဲ့တာကြောင့် အဝေးကနေ လက်ဝှေ့ယမ်းပြလိုက်ပြီး အနားရောက်အောင်လျှောက်သွားလိုက်သည်။ ကောင်လေးက သူတို့ကိုမြင်သွားတော့ ပြုံးပျော်သွားသည့်ပုံဖြင့် အူယားဖားယားပြေးလာသည်။
"အာညော်ဟာဆယ်ယို...Kim Seokjinနဲ့ Jeon Jungkookဟုတ်မယ်ထင်တယ်နော်"
"Nae..ကျွန်တော်က Kim Seokjinပါ ဒါကတော့ကျွန်တော့်ရဲ့အမျိုးသားပေါ့"
"အာညော်ဟာဆယ်ယို...Jeon အယ် Kim-Jung-Kookလိူ့ခေါ်ပါတယ် Kim Seokjinရဲ့အမျိုးသားပါဗျ"
"Nae..တွေ့ရတာဝမ်းသာပါတယ်..ကျွန်တော်ကတော့ Min's Travel Agencyရဲ့ tourist guideတစ်ယောက်ပါ 'ကိုရီးယား'နာမည်ကတော့ Jung-Ho-Seok လို့ခေါ်ပါတယ် ကျွန်တော်က ဒီကဧည့်သည်နှစ်ယောက်ရဲ့ ခရီးစဉ်အစကနေ အဆုံးကို တာဝန်ယူလမ်းညွှန်ပေးသွားမှာပါ 'မြန်မာ'နိုင်ငံ 'ရန်ကုန်'မြို့ကနေကြိုဆိုပါတယ်ဗျ"
"ပေါ့ပေါ့ပါးပါးပဲပြောလို့ရပါတယ် Hoseok-shi ကျွန်တော်တို့က အသက်အရမ်းကွာတာမှမဟုတ်တာ"
"အာ..nae..အာ့ဆို Seokjin hyungလို့ခေါ်မယ်နော် Jungkookကတော့ ကျွန်တော့်ထက်ငယ်မယ်ထင်တယ်"
"ကျွန်တော့်အသက်က 24ပါ"
"အော်..hyungထက်သုံးနှစ်နီးပါးလောက်ငယ်တာပဲ..ဒါဆို Jungkookလို့ပဲခေါ်လိုက်မယ်လေ ရတယ်မလား"