Ch 35 ပွဲ မပြီးသေးဘူး

8.4K 660 15
                                    

For Unicode

ကျိုရှန်း က သူ့စိတ်ထဲမှာ ထွက်လမ်းမရှိတော့ဘူးလို့ ခံစားလိုက်ရသည်။ အခု သူပါလိုက်လျှင်ဖျော်ဖြေရေးအသိုင်းအဝန်းမှာ ဘယ်တော့မှ အလုပ်မလုပ်တော့တာပဲဖြစ်ဖြစ် ဖြစ်သွားလိမ့်မည်။ ဒါကြောင့် သူနာမည်မကြီးရင်တောင် အနည်းဆုံး ဒီဇာတ်ကားရဲ့ အခကြေးငွေက တခြားစီးပွားရေးလုပ်ငန်းတွေကို စွန့်စားဖို့ လုံလောက်ပါ၏။

ဤအရေးကြီးသောအခိုက်အတန့်တွင်၊ဆိုးရွားသောဆက်ဆံရေးကို ပြန်လည်သုံးသပ်ရမည့်အချိန်မဟုတ်ပေ။ သူတကယ်စိုးရိမ်သင့်တာက အသက်မွေးဝမ်းကြောင်းပြုဖို့ပါပဲ။ သူ့မှာ မိသားစုမရှိ သူ့ကိုယ်သူ မထောက်ပံ့ရင် ဘယ်သူကမှ လာထောက်ပံ့မည်မဟုတ်။

ကျိုရှန်း ချိုင့်ဝေ ရုံးမှထွက်လာသောအခါ လန်ရှီရုံ သည် စင်္ကြံတွင် သူ့ကိုစောင့်နေသည်။ မျက်နှာကို ရေခဲအိတ် ကပ်ထားသည်။ နာမည်ကြီးတစ်ယောက်အတွက် သူ့မျက်နှာက အရေးကြီးဆုံးလက်နက်ပါ။ ယန်မင်ရှို့ ၏လက်သီးများသည် လန်ရှီရုံ ၏မျက်နှာပေါ်တွင်သာ ရည်ရွယ်ချက်ရှိရှိ ထိုးလိုက်ခြင်းသာ။

ကျိုရှန်း နှင့် လန်ရှီရုံ နှစ်ယောက်လုံး စိတ်အေးသွားသည်။ တစ်ယောက်ကိုတစ်ယောက် အကြာကြီးကြည့်နေကြ၏။ လန်ရှီရုံ သည် ပထမဆုံး ကျယ်လောင်စွာ ရယ်မောရင်း
"ရှန်းကော ကျွန်‌ေတာ့ဘဝမှာ ရည်းစားလုရင်း ရန်ဖြစ်လိမ့်မယ် လို့ တစ်ခါမှ မထင်ထားဘူး.. လုရတဲ့သူကလည်း ယောက်ျားလေးဖြစ်နေတယ်"
  သူ့ရယ်မောခြင်းက သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို ပိုဆိုးသွားစေမှာ သေချာပါ၏။ နည်းနည်းတော့ ပုံပျက်ပန်းပျက် ဖြစ်သွားသည်။

ကျိုရှန်း သည် သူ့မျက်နှာပေါ်ရှိ ဒဏ်ရာများကို စစ်ဆေးရန် လျှောက်လာကာ သက်ပြင်းချလိုက်ပြီး
"နောက်တစ်ခါ သိပ်စိတ်မတိုပါနဲ့...အခု ဒီကိစ္စကို ဖြေရှင်းဖို့ ဝေကောကို ဒုက္ခ‌ေပးရဦးမယ်.. အခု မင်း အခြေအနေကောင်းနေပေမယ့် လူသစ်ဖြစ်နေတုန်းပဲ... မဟုတ်မဟတ် သတင်းကြောင့် မင်းကို မထိခိုက်စေချင်ဘူး"

"ကျွန်တော်သိပါတယ်... ရှန်းကော ... ကျွန်‌ေတာ့ကို အရမ်းဂရုစိုက်နေတုန်းပဲ။"
လန်ရှီရုံ က သူ့ကို လေးလေးနက်နက် ကြည့်နေသည် ။

လူစားထိုးသရုပ်ဆောင် (Completed)حيث تعيش القصص. اكتشف الآن