Ch 105 ယန်မင်ရှို့ရဲ့ ဖွင့်ဟဝန်ခံချက်

14.5K 968 54
                                    

For Unicode

ယန်မင်ရှို့ ရဲ့အသံက တုန်ယင်စွာဖြင့်
"အစ်ကို, ကျိခုန်းဆရာတော်က ကျွန်တော့ကိုပြောခဲ့တာကို အစ်ကိုအရမ်းသိချင်နေတာလေ... အဖြေက အစ်ကို့ရှေ့မှာ ရှိနေပြီလေ... ဘာဖြစ်လို့လဲဆိုတော့ ကျိုရှန်း က အသက်ရှင်နေလို့ပဲ"

ယန်မင်စုသည် သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူ၏ညီဖြစ်သူသည် ဤလူ (ငယ်ရွယ်သော ကျိုရှန်း) ကို စွဲလမ်းကြောင်းသူသိသော်လည်း သူ (ကျိုရှန်း (ကြီး) ကြောင့်ဖြစ်ရမည်ကိုလည်း နားလည်ထားသည်။ သူပြောသလို ယန်မင်ရှို့ ရဲ့ချစ်ခင်တွယ်တာမှုက စိတ်ပြောင်းလွယ်ပေမဲ့ တကယ်တော့လည်း ယန်မင်ရှို့ ဟာ ကျိုရှန်း ရဲ့ချည်နှောင်ခြင်းတွေကနေ သူ့ကိုယ်သူဘယ်တော့မှမလွတ်မြောက်ဘူးဆိုတာ သူသိ၏။ သို့သော်လည်း လျစ်လျူရှုထားလိုက်ပါဦးလေ... သူသေသည်အထိ ရိုက်နှက်ခံရလျှင်ပင် ထိုကဲ့သို့ထူးဆန်းသည့်အရာတစ်ခုကို သူဘယ်တော့မှယုံကြည်လိမ့်မည်မဟုတ်ပေ။

ဤပုဂ္ဂိုလ်သည် ကျိုရှန်း (အဟောင်း) မဟုတ်ပါ။ ကျိုရှန်း (ဟောင်း) ၏ရုပ်ပုံများကို သူမြင်တွေ့ခဲ့ရသည်။ မဟုတ်ပါ၊ အဓိကအချက်မှာ ကျိုရှန်း သည် အမှန်ပင်သေပြီဖြစ်သည်။

ယခုအခါ သူ့ရှေ့တွင် ရှိနေသောအရာကို သူ့ညီက အသက်ရှင်နေသေးဟု ပြောနေလေသည်။

"မင်း...... မင်း ရှင်းရှင်းလင်းလင်းပြောစမ်းပါ ... ဘာတွေပြောနေတာလဲ"

ပြောပြီးသား စကားလုံးတွေကိုပြန်ယူလို့မရဘူးဆိုသည်ကိုသိ၍ ကျိုရှန်း သည့ အခြားရွေးချယ်စရာမရှိ ခေါင်းကိုသာ ငုံ့ထားလိုက်တော့သည်။ အားလုံးမှန်နေသည်။ သင်္ချိုင်းအထိ သယ်ဆောင်ရန်ရည်ရွယ်ထားသောလျှို့ဝှက်ချက်ကို သိထားသင့်သည့်အရာများအား ဖွင့်ပြခဲ့ပြီးနောက်၊ ကျန်ရှိနေသည့်တစ်ခုတည်းသောအရာမှာ အားမရှိခြင်း၏ နက်ရှိုင်းသောခံစားချက်ဖြစ်သည်။

ယန်မင်ရှို့က ကျိုရှန်း ကိုကြည့်ပြီး
" အစ်ကို ကျွန်တော့ကိုမယုံနိုင်ဘူးထား ... ဒါပေမယ့် အစ်ကို့ရဲ့ဆရာသခင်ကိုတော့ ယုံတယ်မလား... ကျိုရှန်း မှာ တကယ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တယ်... အဲဒီအလောင်းဟာ ကျိုရှန်းပဲ... ဒါပေမယ့်သူဟာ တခြားသူရဲ့ကိုယ်ခန္ဓာမှာ နိုးထခဲ့တယ... သူနှင့်အတူတူလိုပဲ သူ့လိုနာမည်တူဖြစ်နေပြီး သူ့လိုပဲ တချိန်တည်းမှာပဲ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့တဲ့ လူဆီမှာပဲ ပြန်နိုးလာတယ်... အခု မင်းကြည့်နေတဲ့ကသူက သူပဲလေ "

လူစားထိုးသရုပ်ဆောင် (Completed)Donde viven las historias. Descúbrelo ahora