Ch 63 ရှားရှားပါးပါး အိပ်ပျော်ခဲ့ရသော ညတစ်ည

10.9K 796 11
                                    

For Unicode

ယန်မင်ရှို့ က အနှောက်အယှက်မပေးနဲ့ ဟုပြောသောကြောင့် ကျိုရှန်းကလည်း စထိတော့မည် မဟုတ်။ သူတို့ အကြည့်ဆုံကတည်းက သူနာကျင်နေခဲ့ပါပြီ။  တခဏလောက်တော့ ယန်မင်ရှို့ က ဒါကိုမြင်လိုက်သလို ခံစားလိုက်ရ၏... သူ့အသားအရေကို ဖောက်ပြီး သူ့စိတ်ဝိညာဉ်ရဲ့ အနက်ရှိုင်းဆုံးထဲကို မြင်လိုက်ရသလို‌ေပါ့။

သို့သော် ယန်မင်ရှို့ က သူ့ဘာသာ အမြန်ငြင်းလိုက်သည်။ ဟုတ်တယ်... ယန်မင်ရှို့ ရဲ့ မျက်လုံးတွေက ရှုပ်ထွေးမှုတွေကနေ ရှင်းရှင်းလင်းလင်း ဖြစ်သွားတာကို သူမြင်လိုက်ရပြီး နောက်တစ်ကြိမ် ပြန် ရှုပ်ထွေးသွားပြန်သည်

သွေးသား မတော်စပ်သော လူနှစ်‌ေယာက်ကြား မမြင်နိုင်သော ဆက်သွယ်မှုရှိလားဆိုတာ သူ မသိ။ နောက်ဆုံးတော့ သူတို့က အနီးကပ်ဆုံး ရှိခဲ့ဖူးကြပြီး ခန္ဓာကိုယ်များသည်  ပေါင်းစပ်ကာ တစ်သားတည်းဖြစ်ဖူးခဲ့သည်။ ယန်မင်ရှို့ က သူ့ကို ကြည့်လိုက်တဲ့အခါ ရင်းနှီးတဲ့ ခံစားချက် အရိပ်အယောင်မျိုး ရှိမှာလား။

ကျိုရှန်း မသိဘူး။ ယန်မင်ရှို့ ကလည်း သူ့ကို မပြောဘူး။ သူမျှော်လင့်ထားသည့်အတိုင်းသာ (လိင်ကိစ္စ) ဖြစ်မလာမှဘဲ သက်ပြင်းချနိုင်‌ေတာ့သည်။။

သူက ယန်မင်ရှို့ ရဲ့ဘေးမှာ အိပ်နေပြီး ဘာဆက်လုပ်ရမလဲဆိုတာ တွေးနေမိသည်။ ထွက်သွားချင်ပေမယ့် ဒီအချိန်မှာ သင့်တော်ပါ့မလား မသိ။ အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူသည် လှုပ်လာကာ တစ်ဖက်က အိပ်ယာမှ ထွက်သွားချင်သည်။ ဒါပေမယ့် သူထထိုင်လိုက်တော့ ယန်မင်ရှို့ ရဲ့ အေးစက်စက်အသံက ထွက်လာသည်။
"မင်းဘယ်သွားမလို့လဲ"
ကျိုရှန်း က ထိတ်လန့်သွားပြီး
"သူဌေးယန်... အိမ်ပြန်လို့ရမလား"

ယန်မင်ရှို့ က မျက်လုံးဖွင့်ပြီး မျက်ခုံးတွန့်ပြီး
"မင်းဒီမှာနေနေတာမဟုတ်ဘူးလား?"

"အမေ ကျန်းမာရေး မကောင်းဘူး... နေ့တိုင်း ဒီမှာ နေလို့မရဘူး"

"ဒါပေမယ့် ဒီနေ့ မင်းဒီမှာနေရမယ်"
ယန်မင်ရှို့ ၏ လေသံက သူ့ကို ငြင်းဆန်ရန် ခွင့်မပြုပေ။

လူစားထိုးသရုပ်ဆောင် (Completed)Donde viven las historias. Descúbrelo ahora