လူတွေရဲ့ ဘဝမှာ မှီတွယ်ရာတစ်ခုတော့ လိုအပ်တယ်တဲ့။ ပင်ပန်းလှတဲ့ ဒီဘဝကြီးမှာ ခဏလောက်ဖြစ်ဖြစ် အပန်းဖြေနိုင်ဖို့ ခိုနားရာ နေရာလေးတစ်ခုခုပေါ့။ ကျွန်တော်ကတော့ အဲ့ဒီ ခိုနားရာလေးကို ရှာတွေ့ခဲ့ပါတယ်။
အမြဲတမ်း ပင်ပန်းတဲ့အချိန် ဘယ်အချိန်ပဲ ဖြစ်ဖြစ် ရင်အမောတွေပြေစေတဲ့ အမေ့ရင်ခွင်လိုမျိုး။ သဲကန္တရာထဲမှာ လမ်းပျောက်နေတုန်း ရုတ်တရက် တွေ့လိုက်ရတဲ့ အိုအေစစ်လေးလိုမျိုး ~
နွေပူပူ နွေလယ်ခေါင်မှာ ဖြတ်တိုက်သွားခဲ့တဲ့ လေပြေနုနုအေးလေးလိုမျိုး အဲဒီလို ဖြစ်တည်မှုမျိုးပေါ့~
တကယ်ပါ အမြတ်တနိုးနဲ့ကို မမောနိုင်မပန်းနိုင်
ချစ်ရပါတယ်~08.04.2022
#엑소와_함께한_아름다운_10년