ချစ်ရတဲ့အာပါးရေ....
အယ်ရီ က အခုဆို လေးနှစ်သမီးလေးဖြစ်နေပြီနော်...
လေးနှစ်ဆိုတော့ အရွယ်ရောက်ပြီလို့ ပြောရမလားအာပါး..အယ်ရီလေ အခုဆို ရင့်ကျက်သင့်သလောက် ရင့်ကျက်လာပြီ
မေ့ပစ်သင့်တာတွေ အယ်ရီ မေ့ပစ်တတ်နေပြီ....လျစ်လျူရှူသင့်သလောက်လည်း လျစ်လျူရှူတတ်လာပြီ..
တစ်ချိန်မှာ ဖြစ်လာမယ့် အနာဂတ်တွေကိုလည်းအယ်ရီ တွေးပြီး ကြောက်ရွံစွာ လက်ခံတတ်နေပြီ....
အာပါးတို့ရဲ့ ဒဏ်ရာတွေကိုလည်း အယ်ရီကောင်းကောင်းနားလည်တတ်နေပါပြီ....
အယ်ရီတော်တယ်မလား...
ဒီလောက်ဆို အယ်ရီ အရွယ်ရောက်လာပြီမလား..အာပါးရေ..
အယ်ရီဘဝမှာ နောင်တမရဆုံးနဲ့ အပျော်ရွင်ရဆုံးကတော့
အာပါးရဲ့ သမီးဖြစ်ခွင့်ရပြီး အယ်ရီဆိုတဲ့နာမည်ကို
ခံယူခွင့်ရခဲ့တာကိုပါပဲ...အယ်ရီရေ...လို့ အာပါးကခေါ်လိုက်တိုင်း အယ်ရီရင်တွေ
ခုန်ရပါတယ်...ချစ်ရတဲ့အာပါးရေ....
အယ်ရီတို့ ဆုံတွေ့ခဲ့ရတာ ကံကြမ္မာလိုပ့ဲဆိုဆို
တမင်တကာပဲဖြစ်ဖြစ်....ထာဝရဆိုတာ ဘယ်လောက်ကြာမလဲအယ်ရီမသိဘူး...
ဒီအတိုင်း အချိန်တွေအကြာကြီး တကယ့်ကို အချိန်တွေ အကြာကြီး အာပါးနဲ့ အတူတူရှိသွားချင်တယ်...နောင်ဘဝဆိုတာရှိခဲ့ရင် ပြန်လည်မွေးဖွားလာတဲ့အခါ
အယ်ရီတို့ ထပ်ပြီး ဆုံတွေ့ကြရအောင်....ကျေးဇူးတင်ပြီးတော့ ချစ်တယ်....
ငါ့ရဲ့ ချစ်ရတဲ့အာပါး....#1485
5.8.2018
#HappyEXOLday