Exploration

294 73 1
                                    

၇နှစ်တောင်ကြာခဲ့ပြီနော်...
အယ်ရီတို့လည်း တဖြေးဖြေးကြီးပြင်းလာကြသလို..အာပါးတို့လည်း စစ်မှူထမ်းကြတဲ့အရွယ်တောင်ရောက်နေကြပြီပဲ...

၇နှစ်...အင်း....
ဖြတ်သန်းခဲ့ရတဲ့ နာကျင်မှူအချို့တွေဟာလည်း..
အချိန်တွေကြာလာတော့ လျော့ပါးသွားသလိုပါပဲ...

လွန်ခဲ့တဲ့နှစ်တွေကအထိ..
ဘယ်လောက်ထိ ချစ်ပေးမယ့်အကြောင်းတွေးခဲ့မိပေမယ့်..
ဒီနှစ်ပိုင်းတွေမှာတော့ ဘယ်အချိန်တွေအထိ အတူရှိသွားမလဲဆိုတဲ့အကြောင်းတွေကိုပဲတွေးမိတော့တယ်...

တစ်နေ့ကျ အယ်ရီက ကြီးပြင်းလာမယ်..
လုပ်ငန်းခွင်ထဲဝင်ကြပြီး...ကောင်းမွန်တဲ့အမျိူးသားတစ်ယောက်ယောက်နဲ့ အိမ်ထောင်ပြုကြမယ်...
Concert တွေ မလာနိုင်တော့ဘူး..
Fansign တွေအတွက် အချိန်မပေးနိုင်လောက်ကြတော့ဘူး...
အာပါးတို့နဲ့အတူ ရှိနိုင်မယ့် အချိန်တွေဟာလည်း
တဖြေးဖြေး လျော့နည်းလာမယ်...
ဒါပေမယ့်လည်း လောကကြီးထဲရုန်းကန်ရင်း..
ပင်ပန်းလာတဲ့တစ်နေ့မှာ အာပါးတို့နဲ့အတူရှိခဲ့တဲ့ အချိန်တွေက ကောင်းမွန်တဲ့အမှတ်တရတွေဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်...

ဆုတံဆိပ်တွေ chart တွေကိုလည်း သိပ်မတွေးပါနဲ့..မလုပ်နိုင်ခဲ့ဘူးလို့လည်းစိတ်မကောင်းမဖြစ်ပါနဲ့...ဒီအတိုင်း အာပါးတို့သီချင်းကိုနားထောင်ပြီးအယ်ရီ  ပျော်ရွှင်နိုင်တာကိုက အာပါးတို့အတွက်ဆုလာဒ်ပါပဲ.

အယ်ရီရေ...
လိုအပ်ချက်တွေအပြည့်နဲ့ ဒီအမျိုးသားကို လက်ခံပေးပြီး ချစ်ပေးခဲ့လို့ အမြဲတမ်းအတွက် ကျေးဇူးတင်ရပါတယ်...

အယ်ရီသာ အတူရှိနေမယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ကောင်းကင်ဘုံပါပဲ....။

ချစ်ရတဲ့ အယ်ရီရေ...
အာပါးဖတ်ဖူးတဲ့စာအုပ်လေးထဲက စာသားလေးရှိတယ်..
လူတွေက လေးရွက်ရှိတဲ့cloverရွက်လေးတွေကိုပဲလိုက်ရှာကြပြီး..
အနီးအနားက သုံးရွက်ရှိတဲ့ cloverလေးကိုတော့မေ့နေတတ်ကြတယ်တဲ့..
အဲ့ဒါကြောင့်အယ်ရီရေ..
အာပါးဆီကနေ တစ်ချိူ့တစ်လေက လေးရွက်ပါတဲ့cloverရွက်ကလေးကိုပိုင်ဆိုင်ကြရတဲ့အခါ
အယ်ရီက စိတ်မကောင်းမဖြစ်ပါနဲ့...
အာပါးတို့ဒီမှာအတူတူရှိနေနိုင်တာကိုက ပျော်ရွှင်ရခြင်းပဲမလား...

အယ်ရီရေ...
ချစ်ပေးလို့လည်းကျေးဇူးတင်တယ်...
အချစ်ခံပေးလို့လည်း ကျေးဇူးတင်တယ်..
တစ်ဘဝလုံး အတူရှိသွားကြဖို့မျှော်လင့်တယ်..
အသက်ရှင်နေတဲ့တစ်လျှောက်လုံး
ဖြစ်ချငိတဲ့ဘဝမှာရှင်သန်ပြီး လုပ်ချင်တဲ့အရာကိုလုပ်ပါ...
အယ်ရီတစ်ယောက်ပဲကျန်ရင်တောင်
ပြန်လှည့်ကြည့်လိုက်တဲ့အချိန်တိုင်း
အာပါးတို့က ဒီနေရာမှာပဲ♥ရှိနေပါ့မယ်.......။

28.9.2019

Dear AerisWhere stories live. Discover now