To appa

788 113 0
                                    

အာပါး​ရေ....
အယ်​ရီတို့​တွေ မိသားစုအဖြစ်​ ဆုံ​တွေ့ခဲ့ကြတာ ​ခြောက်​နှစ်​​တောင်​ကြာသွားပြီ​နော်​....

အာပါးတို့​ပြောသလို အချိန်​​တွေက သိပ်​မြန်​တာပဲ....

အယ်​ရီ အာပါးတို့ကို စသိခဲ့တဲ့ အချိန်​​တွေကို မှတ်​မိ​နေ​သေးတယ်​....
အဲ့တုန်းက အာပါးတို့က ရှက်​ပြုံး​လေး​တွေနဲ့ စင်​မြင့်ထက်ကနေအာပါးက အယ်​ရီကို ပြုံးကြည့်နေခဲ့တာလေ...

အာပါးက ဟိုးအရင်ကတည်းကနေ အမြဲတမ်းအယ်​ရီအတွက်​ အလင်းရောင်​ဖြစ်​​ပေးခဲ့သလိုမျိုး...
အခုထိလည်း အလင်းပြ​ပေး​နေဆဲပဲ​နော်​....

ဆယ်​​ကျော်​သက်​ဘဝ..
အယ်​ရီရဲ့ ငယ်​ရွယ်​စဉ်​အချိန်​​တွေကို အာပါးတို့နဲ့ ဖြတ်​သန်းခွင့်ရခဲ့တာ...
တကယ့်ကို အ​ပျော်​ရွှင်​ရဆုံးပါပဲ....

ဒီ​နေ့ဒီ​နေ့ထိ လုပ်​​ဆောင်​ခဲ့သမျှ အရာအားလုံးမှာ..
​နောင်​တမရဆူံး အရာက​တော့...
အာပါးတို့ကို သိရှိခဲ့ရပြီး
အာပါးတို့ကို ချစ်​မြတ်​နိုးခွင့်ရခဲ့ခြင်းပါပဲ....

တစ်​ခါတ​လေမှာ အယ်​ရီရဲ့ အချစ်​က နည်းနည်း
အတ္တဆန်​​ကောင်းဆန်​လိမ့်မယ်​...
အာပါးတို့ ကို ဘယ်​သူမှ မ​ပေးချင်​တဲ့စိတ်​နဲ့
အာပါးတို့ကို နာကျင်​​ကောင်း နာကျင်​​စေလိမ့်မယ်​..
အာပါးတို့ ကို ထိခိုက်​လာတဲ့ သူ​တွေအ​ပေါ်
အယ်​ရီ ရိုင်းစိုင်းကောင်းရိုင်းစိုင်းလိမ့်မယ်​..

အာပါးတို့နဲ့ ​တွေ့တဲ့အခါမှာ​တော့..
အယ်​ရီက အာပါးတို့ကို ချစ်​မြတ်​နိုးပြီး..
အာပါးတို့ စကားကို နား​ထောင်​ရင်း
ကြည်​ကြည်​နူးနူးပြုံး​နေတတ်​တဲ့
က​လေးမ​လေး တစ်​​ယောက်​ပါပဲ..

အာပါးတို့ကို အလွန်​တရာမှ ချစ်​မြတ်​နိုးရပြီး..
အာပါးတို့ ငိုရင်​ မျက်​ရည်​ကျပြီး
အာပါးတို့ ​ပျော်​ရင်​ လိုက်​​ပျော်​​နေတတ်​တဲ့.
အဲ့ က​လေးမ​လေးဟာ
ဒီဘဝ​တွေမှာသာ ​နောင်​ဘဝ​တွေဆက်​တိုင်းမှာလည်း
အာပါးတို့နဲ့ ဆုံ​တွေ့ချင်​ပါ​ကြောင်း ဆု​တောင်းနေတတ်​​သေးတယ်​.....

အာပါး​ရေ....

စင်​မြင့်ထက်​မှာ ရပ်​တည်​ရလို့ ​မောပန်းလာတဲ့အခါ...
ကိုယ်​​ရေးကိုယ်​တာ ကိစ္စ​တွေ​ကြောင့်
စိတ်​ထိခိုက်​နွမ်းလျတဲ့အခါ..
အပြုံးတု​တွေ အတင်းမဖန်​တီးပဲ...
အယ်​ရီ​ရှေ့မှာ...
အားရပါးရ ငို​ကြွေးပါ....
အယ်​ရီလက်​ကို ဆုပ်​ကိုင်​ထားပါ...

အယ်​ရီက အာပါးကို ကာကွယ်​​ပေးပါ့မယ်​... ။

အခုချိန်​ထိ အာပါးတို့က အယ်​ရီအတွက်​ ​ပေးဆပ်​ခဲ့သလိုမျိူး..
အယ်​ရီကလည်း အာပါးတို့ကို တစ်​ခါထပ်​ပြီး
ကာကွယ်​​ပေးချင်​တဲ့အ​ကြောင်း.
အယ်​ရီ​ပြောတဲ့အခါ..
အာပါးက ကြည်​ကြည်​နူးနူး ပြုံး​နေအုံးမယ်​ထင်​ပါတယ်​..။

Dear AerisOnde histórias criam vida. Descubra agora