NY 1762
CAMWICH KINGDOM"CamWich နိုင်ငံတော်၏ အရှင်သခင် King William X Robert Sean နှင့် Queen Avate Mateno Sean တို့၏ သန့်စင်သောသွေးသား ။ CamWich နိုင်ငံတော်၏ သန့်စင်သော အရှင်သခင်လောင်း Crown Prince Eustass X Khol Sean ၏ ကြွယ်ဝသော ပညာများဖြင့် လာသောလမ်းကို ကြိုဆိုချီးမြှောက်သော အားဖြင့်....."
မိုက်ခနဲဖြစ်သွားသော ခံစားချက်နှင့်အတူ သူ၏ကမ္ဘာသည်ချာချာလည်သွားသကဲ့သို့ခံစားလိုက်ရသည်။
တိတ်ဆိတ်သောအခန်းတွင်း အသံတိတ်ငိုကြွေးနေစဥ် ရုတ်တရက်ဆိုသလို လူအုပ်ကြားထဲရောက်သွားတဲ့အခါ ဘယ်သို့သောအရာကိုမှ နားလည်နိုင်စွမ်းမရှိဘူး ဖြစ်ရချေသည်။
တီးမှုတ်နေသော ဘင်ခရာအသံများ ၊ ကြဲချနေသော အရောင်စုံ ဖဲစများ.. ထို့အပြင် လူထုအများ၏သောင်းသောင်းဖျဖျအားပေးနေသံတို့သည် သူ၏ပတ်ဝန်းကျင်တစ်လျှောက် အလွန်အမင်းပျံ့နှံ့လျက်ရှိနေပြီး သူ၏နားစည်ကိုအလွန်အမင်းထိခိုက်စေ၏။
ဒါသည် ခြောက်ကပ်နေသော အခန်းတွင်းမှ သူမကျွမ်းဝင်သော နယ်မြေသို့ ရုတ်တရက်ရောက်လာရခြင်း၏အကျိုးဆက်ဖြစ်ပေမည်။
အရောင်စုံကာ လင်းလက်လွန်းနေသောပတ်ဝန်းကျင်ကြောင့် ဘယ်သောအရာကိုကောင်းစွာမမြင်ရ။ အရာရာမှာမျက်စိရှုပ်နေစေ၏။
ရုတ်ချည်း...ရုတ်ချည်းဆိုသလို ဖြစ်သွားသော အလုံးစုံသည့် ကိစ္စရပ်တို့အား သူသည် မနည်းလိုက်မှီအောင် စဥ်းစားလိုက်ရသည်။
သို့သော် အဖြေကား Prince Eustass X Khol Sean ၏ ချီးမြှင့်ပွဲ ဆိုသည့် အဖွင့်စကားနောက် ပြေလျော့ကာပေါ်လာလေပြီး သူသည် မူးဝေချင်သည်ထက် ငိုချင်သည့်ခံစားချက်တို့ ရင်ထဲပြည့်လျှံလာလေတော့၏။
ဤနေရာ...ဤနေ့သည် သူနှင့် ပထမဆုံးအကြိမ်တွေ့ဆုံသည့်နေရာမဟုတ်ပါလား...။
ထိန်းမရသိမ်းမရဖြစ်နေသော ခံစားချက်တို့ကို ထိန်းရင်း ပတ်ဝန်းကျင်တစ်လျှောက်အား လိုက်ကြည့်မိတဲ့အခါ လူမှာဝမ်းနည်းဝမ်းသာ တစ်ဆက်တည်းလာသော ခံစားချက်ကို လက်ခံလိုက်ရ၏။
YOU ARE READING
||King's a Cup of Rum||
FanfictionZSWW VICTORIAN FANFICTION ♧The King would taste no matter the rum is bitter or sweet, even if was poisoned♧