တဖျစ်တောက်တောက်မြည်နေသော ဖယောင်းတိုင်အစုသည် လေရှိ၍မငြိမ်သိမ်။
တစ်ချက်တစ်လျမျှလှုပ်ယမ်းသွားသောအခါ မှန်ရှေ့ရပ်ကာပြင်ဆင်နေသော Liam၏လည်တိုင်ကျော့ကျော့ကလေးအား ရှင်းလင်းစွာမြင်ရအောင်ထောက်ကူပံ့ပိုးသကဲ့သို့ဖြစ်သွားသည်။ ထိုအခါ အလင်းတစ်ချက်အရိုက် ထင်းခနဲဖြစ်သွားသောအမြင်အောက်တွင် လည်တိုင်ထက်၌သခင်တံဆိပ်ရိုက်နှပ်ထားသောအမှတ်အသားက ရဲတင်းစွာထင်သွားလေသည်။ထိုအချင်းအရာကို ကြေးမုံခေါ် ကြေးမှန်ကြီးအကူအညီဖြင့် အဝတ်ဝတ်ခြင်းအမှုကို ပြုလုပ်နေသော Liam သတိထားမိသွားခဲ့သည်။
လည်ပင်းကလေးကိုအနည်းငယ်စောင်း၍ သေချာကြည့်ကြည့်တော့ ခပ်ရဲရဲအစုကလေးအားထင်ရှားစွာမြင်နေရ၏။ ထိခိုက်မိထား၍ရသောဒဏ်နှင့်ဆင်တူလိုဆင်တူသော်ငြား ဤနန်းတော်၌မူဒဏ်ရာတစ်ခုမဟုတ်ဘဲဘာအတွက်ဆိုတာ အရွယ်ရောက်ပြီးသူတိုင်းသိမည့်အရာဖြစ်နေသည်။
အိမ်ထောင်သည်များ၏လျှို့ဝှက်ချက်ဟူသည် တော်ဝင်သွေးများအတွက်မရှိ။ တွင်မရှိ။
ဂရုစိုက်ခံများဖြစ်သည့်အလျောက် ဖုံးကွယ်မထား၍လည်းကိစ္စမရှိပါ။သို့သော် သူ့အတွက်မူ ဘယ်တုန်းကမှသည်လိုတွေမရှိဖူးသည့်အတွက် ထုတ်ပြချင်တဲ့အထိ မချင်။ ရိုးရှင်းသောဘဝတွင်သာနေထိုင်ခဲ့ရသည့်အပြင် ဘဝမခြားခင်ကလည်း ဤကဲ့သို့အတွေ့အကြုံမရှိဖူးခဲ့ပါသည်။
သို့အတွက် အမှန်ဝန်ခံရသော်ရှက်စိတ်ကလေးပေါ်နေသည်မှာအမှန်ဖြစ်သည်။
လည်ပိတ်အထောင်ဝတ်ထားသည့်တိုင် သခင့်တံဆိပ်ကနားသန်သီးကလေး၏အောက်ခြေအထိတက်နေ၍ဖုံးဖိဖို့မည်သို့မျှမမှီချေဖြစ်နေသည်။
ထို့အတွက် အနည်းငယ်ကလေးစိတ်မောစွာ သူသက်ပြင်းချလိုက်မိလေ၏။
"Sean Liam..."
နောက်ကျောပါးတွင်သခင်ရောက်နေခဲ့သည်ကိုမသိလိုက်ရ။ ပုံမှန်လေသံဖြစ်သော်ငြား ရုတ်တရက်ထွက်ပါးလာခြင်းကြောင့် ကိုယ့်စိတ်နှင့်ကိုယ်ဗျာများနေသောကောင်ကလေးသည် အနည်းငယ်မျှတုန်တက်သွားလေ၏။
YOU ARE READING
||King's a Cup of Rum||
FanfictionZSWW VICTORIAN FANFICTION ♧The King would taste no matter the rum is bitter or sweet, even if was poisoned♧