Theatre - 4

1.2K 115 14
                                    

NY 1762
At Crown Prince's Room

Liamမိမိ​ရှေ့မှ တစ်ည​နေအတွင်း တမဟုတ်ချင်း​ပြောင်းလဲသွား​သောအခန်းအား မှင်သက်စွာကြည့်​နေမိသည်။ ​ဦး​ခေါင်းထက်မှ ဖန်စီမီးဆိုင်းကစလို့ ကြမ်းပြင်ရှိ​ကော်​​ဇောတို့အထိပြောင်းလဲသွားခြင်းသည် ခါတိုင်း​သောရိုးရှင်းသည့်အပြင်အဆင်နှင့် အ​တော်​လေးကိုကွဲပြားခြားနားစွာပင်။

ပြောင်းလဲသွားခြင်းက နံနက်ကဲ့သို့ခပ်မှိုင်းမှိုင်းခံစားချက်ထက် ပိုမိုသန့်ရှင်းသပ်ရပ်လို့ရှိပြီး ​​ကြော့မော့​ခန့်ညားသောခံစားချက်ကိုပင်ရ​စေနိုင်သည်။

သို့​သော်ရွှေနန်း​တော်ဟူသည် လိုချင်တာမှန်သမျှမဖြစ်နိုင်တာမရှိ​သောနေရာတစ်ခုမို့ ဤ​မျှ​ပြောင်းလဲခြင်းကို သူက​တော့မည်သို့မျှထူး​ထွေခံစား​နေရခြင်းမရှိ။ ကြီးမြတ်သွားသည်​ဆိုသည်ကိုလည်းမရရှိ...။

ရေစက်လက်နှင့်သူ့တွင် စိတ်ဝိညာဥ်မဲ့​နေသလို၊ ဝမ်းနည်းခြင်းများ​ကြောင့် သည်း​ခြေပျက်သလိုခပ်ရှိန်းရှိန်းခံစားချက်ကသာ​နေရာယူ​သည်။ 

ဒီလို​နေရာ​တွေမှာ ဒီလိုခမ်းနားစွာ​နေရ​တော့​ရော...သူဟာအပယ်ခံတစ်​ယောက်ဖြစ်လာမည်ဆိုတာက​​နေလွတ်​မြောက်နိုင်မှာလား။ ဘယ်အရာမှ​အောင်မြင်ခြင်းမရှိဘဲအရာအားလုံးသည် တစ်ချိန်ကအတိတ်နှင့်ထပ်တူညီစွာပြန်ဖြစ်လို့လာပြန်ပြီ။

​နဖူးထိပ်ဖျားမှမေးရိုးထင်းထင်းအထိ မျက်နှာဖြူက​လေးတ​လျှောက်တရွေ့​ရွေ့စီးလာသောရေစက်များသည် လှုပ်ရှားခြင်းကင်းမဲ့​သောLiam၏​မေးဖျားမှတစ်ဆင့် နူးညံ့​လှ​သော​သား​မွှေးကော်ဇောကြီးထက်သို့တစက်စက်ကျ​နေ​တော့သည်။ ဤသည်မှာ သန့်စင်ခြင်း​ရေတွင်းမှ​ရေစင်​တော်သက်သက်​ပေလား ကျရှုံးပြန်ခြင်းအထိမ်းအမှတ်အတွက် ဝမ်းနည်းခြင်းများလားဆိုတာကို​တော့ မည်သူမှခွဲခြားရိပ်မိနိုင်ခြင်းရှိလိမ့်မည်မဟုတ်​ပေ။

အတိတ်နှင့်ယခုယှဥ်လျှင် အတိတ်ကမှ ယခုထက်​ပျော်ခွင့်ရဦးမလား။ သန့်စင်ခြင်း​ရေတွင်းထဲသို့ နှစ်​ယောက်အတူဆင်းကြရတုန်း ထိုတုန်းကမှရှက်ရွံ့သလိုခိုးကြည့်ခွင့်ရခဲ့တာမျိုးရှိမည်။ ယခုက​တော့အရယ်အပြုံးအပါ ခံစားချက်ပါကင်းမဲ့လျက် အနှီအရှင်သခင့်လက်​ဖဝါးကိုတွဲလို့ဆင်းခဲ့ရသည်။

||King's a Cup of Rum||Where stories live. Discover now