Theatre -1

2.2K 128 12
                                    

NY 1762
CamWich Kingdom,CamWich Capital

ရာသီဥတုသည် စိုထိုင်းကာ ညစ်မှိုင်းလှသည်။
ယခင်က​လေးကတင် ကြည်လင်ကာပြာလဲ့​နေ​သော ​ကောင်းကင်သည် ယခု​တော့
သူ၏ စိတ်လိုပြိုလဲ​နေပြီး သူ၏မျက်ရည်များလို မိုးစက်များကိုဖွဲဖွဲချင်းရွာချ​နေသည်။

မြို့ပြင် လွင်ပြင်ကျယ်ထဲမှ ​တွေ့ကရာ အိမ်အိုတစ်လုံးတွင်ဝင်ခို​နေရသည်ဖြစ်သည့်အတွက် မိုးရေ​တော့အ​တော်​လေးမလုံ​ချေ။
မြို့နှင့်​ဝေးရာသာဖြစ်ပါ​စေ ၊ ဘယ်​နေရာမဆိုတတ်နိုင်ပါ၏ ဟု​ရေရွတ်ကာ​ပြေးလာမိခြင်း​ကြောင့်ထင် ၊ မြို့ပြင်​ဝေးရာသာဖြစ်​နေပြီး ဘာမျှမရှိ။ မြက်ရိုင်းများ၊ ယခုအိမ်အိုကြီးနှင့် သစ်ချပင်အိုကြီး တစ်ပင်သာရှိသည်။

မိုးအ​ကြောင်း သတိမထားမိခဲ့ခြင်း​ကြောင့် လွတ်ရာကျွတ်ရာအမြန်​ပြေးလာတဲ့ သူဟာ မိုးနှိပ်စက်သည့်ကိုခံစားရသည့်အခါ ​ရှာ​တွေ့သည့် ဒီ​နေရာသို့အမြန်ဝင်ခိုရခြင်းဖြစ်​လေ၏။

အိမ်အိုကြီးဟု ဆိုလို့သာဆို​ရ​ပေသည်။ အမှန်ကား ဘာမှမရှိ​တော့သည့် တိုက်​ပျက်တစ်လုံးဟု ပိုဆိုလျှင်သာ မှန်​ပေဦးမည်။ ထိုင်​နေသည့် ​နေရာနား အမိုးဟုဆို​အပ်​သော် အုတ်ပဲ့အစတစ်စသာရှိပြီး ကျန်​နေရာများကား ပြိုကျလျက်ရှိ​နေကာ စိုထိုင်း​နေ​သော ​ကောက်ရိုးခြောက်များ ၊ ကျိုးပဲ့​နေ​သော ပရိ​ဘောဂပစ္စည်းများ အစရှိသဖြင့် အပျက်အစီးပုံကြီးတစ်ပုံသာရှိ​​လေသည်။

မိုးမထန်​သော်လည်း တ​တောက်​တောက်ကျ​နေ​သော ​ရေစက်များ၊ လေနှင့်အတူပါလာတတ်​သော တစ်ချက်တစ်ချက်ဖြန်းခနဲ ဖြန်းခနဲ ပက်ဖြန်းတတ်​သော ​ရေမှုန်​ရေမွှားများ​ကြောင့် လူသည်ရွှဲရွှဲစိုလုပြီ။

ခိုက်ခိုက်တုန်​အောင် ချမ်း​နေပြီ ဖြစ်သည့်အပြင် နုံးချိကာပင်ပန်းနွမ်းနယ်​နေသလိုလည်းခံစားရသည်။ ဤသည်ကအဖျား​ပေလား..။

သို့​သော် ဤမျှ​လောက်နှင့် လဲမကျနိုင်ပါ။ ဒီထက်နာကျင်ခဲ့ဖူးတာမို့ ဒီ့ထက်ပျက်ဆီးခဲ့ဖူးတာမို့ ဤမျှ​လောက်ကိုစာမဖွဲ့ချင်။ ခန္ဓါကိုယ်အရ ခံစားခဲ့ရသည်မဟုတ်​​သော်လည်း ရင်ဘတ်၏ထိုးနှက်ချက်က စိတ်ကိုပျက်သုန်း​စေသည်အထိ အားပြင်းပါသည်။
သို့​ကြောင့် သူသည် ဤမျှ​လောက်ကိုမမှုချင်​တော့ပါ​ချေ။

||King's a Cup of Rum||Where stories live. Discover now