Theatre - 3

1K 95 5
                                    

NY 1762
Camwich Capital
At Royal Palace
The Crown Prince's Room

အနည်းငယ်တွန့်​ကွေး​နေ​သောကုပ်​ထောက်ဆံနွယ်အနက်ညိုကို ကပိုကရိုစီး​နှောင်ထားသည့်သူ။
ပြင်ဆင်ခြယ်သထားခြင်းမရှိ​သော်လည်း ​ရေချိုးပြီးကာစမို့​ဖွေးဥ​နေ​သောအသားအရည်နှင့် ​ဆေးမကူပါဘဲခပ်​တောက်​တောက် ပန်း​ဆီ​ရောင်နှုတ်ခမ်းပါးများနှင့်သူ။

အထူးသဖြင့် အဖြူခံအိ​ထွေး​ထွေးပိုးထည်အထက် ကပ်လို့ဆင်ထားရသည့်အစိမ်းနု​ရောင်လက်ပြတ်ကုတ်။

Liam မိမိ၏ခမ်းနား​သောအပြင်အဆင်အား ​ကိုယ်လုံး​ပေါ်​ကြေးမှန်ကြီး​ရှေ့တွင်ရပ်ကြည့်​နေမိသည်မှာအတန်ငယ်ကြာပြီ။

​ရွှေချည်ထိုး​ထား​သောဝတ်စုံ...အပွင့်အခက်​တွေနဲ့ လှပသည့်ဒီဝတ်စုံ ​တော်ဝင်သည့်ဒီဝတ်စုံ။

သူလိုသာမန်လူတစ်ဦးအားအဘယ်​ကြောင့်ဆင်ရသနည်း။

ကြည့်ရသည်ကိုနှစ်ခြိုက်မိပါ​သော်လည်း သူနားလည်းမလည်နိုင်ခဲ့သလို ​အထူးတလည်ပျော်ရွှင်ဝမ်း​မြောက်​နေခြင်းလည်းမရှိခဲ့။

"အရှင်..."

အ​စေခံပျိုကအနားသို့​​ ​အ​ရှေ့တို​နောက်နှစ်ခွခွဲအနက်​ရောင်ကုတ်ကိုကိုင်လို့​ရောက်လာပြီး သူ့အား​အခွင့်တောင်းခံ၏။ အချိန်မလင့်​စေရန် လက်ခံလိုက်ရ​ပေမယ့်Liam၏အကြည့်သည် ထိုဝတ်စုံများထံမှမလွှဲပါ​ချေ။

အဘယ်​ကြောင့်ဆို​သော် နန်း​တော်တွင်းတွင် အယူရှိ၏။

ပွဲ​တော်ရက်မဟုတ်ဘဲ မည်သူမှ​ရွှေချည်​ငွေချည်ထိုးအဆင်တန်ဆာများကိုမဝတ်ဆင်ကြ။ အ​​ကောင်းဆုံးအဝတ်အထည်​တွေကိုလည်းသက်သက်မဲ့ဝတ်​လေ့မရှိကြ​။
ပွဲ​တော်များဆိုလျှင်​တော့ ရှိသမျှရတနာ​တွေအသီသီအကုန်ထုတ်သုံးလို့ တခမ်းတနားဝတ်ဆင်ကြသည်မှာ​ပြောစမှတ်ပြုစရာမျိုးပင်။

ဆိုရမည်ဆိုလျှင် သူ့အားဒီကဲ့သို့ဆင်ယင်​နေခြင်းက ပွဲ​တော်တစ်ခုအားတက်ရမှာမို့လား...​တွေးစရာရှိသည်။ ထို့ထက် ပွဲ​တော်မှာမည်မျှခမ်းနားသည်မို့ ​ရွှေချည်ထိုးဝတ်စုံအားဆင်​ပေးရသနည်း။ သူကဘာမို့များဒီလိုတက်​ရောက်ရမည်နည်း။ ယခုလက်ရှိ၌သူဟာသာမန် မြို့စားငယ်တစ်ဦး၏မထင်ရှား​သောသားတစ်​ယောက်သာ။

||King's a Cup of Rum||Where stories live. Discover now