[Unicode]
ပိုင်စုရှင်း စကားများအထစ်ထစ်ဖြစ်ကာ "အရှင်..မင်းသား"
မျက်လုံးရှေ့တည့်တည့်မှလီဟန်သည်ဘာမှမခံစားရသလိုအမူအရာဖြင့် "မပြုတ်ကျချင်ရင် သေချာကိုင်ထား"
သူမမျက်၀န်းများသည် မျက်ရည်များဖြင့်ပြည့်နှက်နေ၏။နာကျင်ခြင်းသို့မဟုတ်လွမ်းဆွတ်မှုကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ပိုင်စုရှင်းသူမမျက်နှာကို သူ၏ရင်ပြင်ကျယ်ကြီးထဲဝှက်ထားလိုက်သည်၊ အမေ့ကိုသတိရလိုက်တာ,ဒဏ်ရာရတာပဲဖြစ်ဖြစ် ဝမ်းနည်းတဲ့အခါတိုင်းအမေကငါ့ကိုနှစ်သိမ့်ဖို့ ၈နာရီလောက်စီးရတယ့်ခရီးကိုကမန်းကတန်းလာလေ့ရှိတယ်။
"နာတယ်"သူမမျက်နှာရှုံ့ကာ ပြောလိုက်သည်။
လီဟန်ရဲ့ခန္ဓာကိုယ်တောင့်တင်းသွားတာကို ပိုင်စုရှင်းခံစားမိလိုက်သည်"ရောက်တော့မယ်"
မိနစ်အနည်းငယ်ကြာပြီးတယ့်နောက်,ကျီရှင်း နန်းဆောင်သို့ရောက်ရှိသွားသည်၊ကိုယ်လုပ်တော် ဇီကသူ့သားမိန်းကလေးတစ်ယောက်ကို ပွေ့ချီလာတာမြင်တော့ ထိတ်လန့်သွား၏။
"ဟန်အာ၊မိန်းကလေးပိုင် ဘာဖြစ်တာလဲ?"
လီချာက"အဲ့တာက အဲ့ဒီသာမန်သူရဲ့အပြစ်တွေပဲ"
"ဘာ..ဘာ?!"
"သမားတော်ကို အမြန်ခေါ်!"လီဟန်၏အသံသည်သိသိသာသာ စိတ်ရှုပ်ကာတုန်လှုပ်နေသည်။အထူးသဖြင့်သူမနှလုံးသားတွေကတော့ ဗုံတီးသလိုခုန်နေသည်၊ကြောက်လို့သေတော့မယ်ထင်တယ်!
လီဟန်သည်သူမကို နူးညံ့သောထိုင်ခုံပေါ်တွင် ညင်သာစွာချပေးလိုက်သည်"ကျေး..ကျေးဇူးတင်ပါတယ်,အရှင်မင်းသား"
သူမခေါင်းထဲတွင် ၀ရုန်းသုန်းကားဖြစ်နေသည်၊ဘာကိုအရင်စဉ်းစားရမလဲမသိဘူးဖြစ်နေလေ၏; ဒဏ်ရာအကြောင်းလား ဒါမှမဟုတ်ဒီနေ့မြင်ကွင်းရဲ့မမျှော်လင့်ထားတဲ့ ရလဒ်ကိုလား? 'ဘာတွေဖြစ်နေတာလဲ,စာရေးဆရာရေ?'
ခဏအကြာ,သမားတော် ရောက်လာသည်၊သမားတော်ကခြေကျင်းဝတ်ကိုထိဖို့ကြိုးစားလိုက်သည့်အခါ "ခဏလေး!"
YOU ARE READING
Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်း
Random*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလဲ?" *ဒီnovelလေးကတော့သာမန်ရုံး၀န်ထမ်းမလေးလျှိုရှီးရှီးကရုတ်တရက်၀တ္ထုကမ္ဘာထဲကဗီလိန်မလေးပိုင်စုရှင်းနေရာကိုရောက်သွားတာပါ၊သူမရဲ့လက်တွေ့ကမ္ဘာကို...