၃၁..သနားစရာကောင်းခြင်း

4.1K 405 4
                                    

[Unicode]

"မင်းကိုချစ်မိသွားရုံနဲ့,ငါဘယ်လိုလုပ်...ဒီလောက်တောင်သနားစရာကောင်းသွားရတာလဲ?"

သွေးနီရောင်စွန်းထင်းနေတယ့်လက်မလေးကသူမနှုတ်​ခမ်း​ကို ညင်​သာစွာထိ‌တွေ့လိုက်ပြီးစုရှင်းနဖူးပေါ်သို့အကြင်နာအနမ်းတစ်ပွင့်ပေးလိုက်၏။

'လီဟန်...'

စုရှင်းသူမရဲ့တုန်ရီနေတယ့်မျက်၀န်းတွေကို ခဏပိတ်ထားလိုက်ပြီးနောက် သစ္စာ‌မဲ့မျက်ရည်များတလိမ့်လိမ့်ကျဆင်းလာတော့သည်။

"သခင်မလေး!"

"အရှင့်သား!"

တုန်လှုပ်စွာအော်သံများနှင့်ခြေသံများကထွက်ပေါ်လာတော့သည်၊အစောင်တွေလည်း သူတို့ရှေ့ကမြင်ကွင်းကိုထိတ်လန့်ကုန်ကြ၏။

အနမ်း.. သွေး.. သခင်မလေး..

စစ်သူကြီးမင်နဲ့ကျင်းအာသာ အရင်ဆုံးပြေးလာကြသည်ဟုသူမထင်သည်၊သူတို့က လီဟန်နဲ့ဝေးရာကိုဆွဲထုတ်ဖို့ကြိုးစားနေကြတော့ သူမမျက်လုံးဖွင့်ကြည့်လိုက်သည်။

"နန်းတွင်းသမားတော်ကို အမြန်ခေါ်!"

"အရှင့်သား!"

ပြီးတော့..သူမငိုနေရင်းဆိုတော့ အဓိကဇာတ်ဆောင်ရဲ့ပုခုံးကဒဏ်ရာကိုသတိမထားမိဘဲဆွဲမိသွားသည်။

အအေးဓာတ်ကသူမတစ်ကိုယ်လုံးလွှမ်းခြုံသွားပြီး သူမကမ္ဘာကြီးကစတင်မှုန်ဝါးဝါးဖြစ်လာတော့သည်၊နောက်ဘာဆက်ဖြစ်လဲ မမှတ်မိတော့ပေ၊သူမရဲ့အဆုံးမဲ့မျက်ရည်တွေကြောင့် အမြင်အာရုံတွေ မှုန်ဝါးလွန်းနေခဲ့သည်။

"သွား!လုပ်ကြံသူကို သွားရှာကြ!ဘာပဲဖြစ်ဖြစ်သူမကိုဖမ်းဆီးလိုက်!"

အကုန်လုံးကပရမ်းပတာဖြစ်နေကြပြီးသူမရဲ့မှတ်ညဏ်တွေကတော့ သွေးထွက်သံယိုမြင်ကွင်းများဖြင့်ဖုံးလွှမ်းနေခဲ့သည်၊စိုးရိမ်စရာများ၊ထိတ်လန့်စရာမြင်ကွင်းများကြောင့်သူမ ခဏတာသတိလွတ်နေလေ၏။ထို့နောက်...

"ကျေးဇူးပြုပြီး..သူ့ကိုကယ်ပေးပါ"သူမအသံကအရမ်းအားနည်းနေသည်။

နန်းတွင်းသမားတော် ရောက်လာတော့အစောင့်တွေကလီဟန်အား အိပ်ယာပေါ်သို့ရွေ့ပြောင်းပေးလိုက်ကြသည်၊သူတို့က သူမကိုအဝေးပို့ဖို့ ကြိုးစားပေမယ့်သူမဆက်နေဖို့ တောင်းဆိုလိုက်သည်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now