[Unicode]
"နန်းဘုရင်ကို နှုတ်ခွန်းဆက်သပါတယ်"ပိုင်မုရိုကအရိုအသေပေးလိုက်၏။
"နန်းဘုရင်အား နှုတ်ခွန်းဆက်သပါတယ်" တခြားပိုင်မိသားစုဝင်တွေနဲ့ပိုင်စုရှင်းပါအရိုအသေပြုလိုက်ကြသည်။
"ထိုင်ကြပါ,အမတ်ချုပ် ကျုပ်ကိုဖိတ်တာကျေးဇူးပါပဲ"
အဓိကဇာတ်ဆောင်သည် ထုံးစံအတိုင်းအနက်ရောင်ဘရိုကိတ်၀တ်စုံကို ၀တ်ဆင်ထားသည်၊ သူ့ပုံစံကသေမင်းပုံစံနဲ့ ပိုပိုတူလာသလိုပဲ၊လူတွေကိုသေအာင်လှန့်နေတာလားမသိဘူး!
"မဟုတ်တာ,နန်းဘုရင်ရောက်လာတာဒါဂုဏ်ယူစရာပါ၊ပြီးတော့ ကျွန်တော့်သမီးအကြီးဆုံးကို ကယ်တင်ခဲ့တဲ့အတွက်လည်းကျွန်တော်တို့က လေးလေးနက်နက်ကျေးဇူးတင်ချင်လို့ပါ"
ပိုင်စုံတွဲကအိမ်ရှေ့စံမင်းသားလီဟန်ကို နေ့လည်စာစားဖို့ပင်မခြံဝင်းဆီလမ်းညွှန်ပေးတော့ လီဟန်ကပြုံးရုံမျှသာပြုံးထားသည်၊ပိုင်မုရိုသည်အဓိကဇာတ်ဆောင်အစားအသောက်သုံးဆောင်ချိန်တွင်လည်း စိတ်အားထက်သန်မှုကိုပြသခဲ့သည်၊ဒီမြင်ကွင်းကို မြင်လိုက်ရတယ့်သူတွေကတော့အမတ်ချုပ်က စတုတ္ထမင်းသားကိုသူ့ရဲ့သမက်အဖြစ်အပြီချုပ်နေပြီလို့ထင်ကောင်းထင်လောက်တယ်။
"အို,ခွင့်လွှတ်ပါ အရှင့်သား၊ဒီလူအိုကြီးနဲ့ စကားပြောနေရတာ ပျင်းနေတော့မှာပဲ"
ပိုင်စုရှင်းတူကိုင်ထားတယ့်လက်က လေထဲတွင်ရပ်တန့်သွားသည်၊အဲ့တာနဲ့ပက်သက်ပြီး သူမခံစားချက်မကောင်းပေ။
ထို့နောက်ပိုင်မဲ့လီကသူမဘက်ကို လှည့်လာကာ "နွေဦးတောင်ရောက်နေပြီ၊သမီး,အရှင့်သားကို ဇီးပန်းပွင့်ဥယျာဉ်ဘာလို့လိုက်မပြတာလဲ?"
"သမီးလည်း လိုက်မယ်"ပိုင်ယန် ကကြားဖြတ်ပြောလိုက်သည်"
"ပိုင်ယန်,အနေအထိုင်ဆင်ခြင်စမ်း၊ဧည့်သည်ရှိနေတာကို မရိုင်းပြရဘူး"ပိုင်မုရိုကဆူပူလိုက်သည်။
ပိုင်စုရှင်း သိမ်မွေ့သောအမူအရာဖြင့် ရှက်ရွံဟန်ဆောင်လိုက်သည်၊နောက်ထပ်နည်းဗျူဟာတစ်ခုထပ်သုံးကာ အဓိကဇာတ်ဆောင်ကိုသဘောမတူစေရန် မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြင့်အကြိမ်များစွာခတ်ပြလိုက်သည်။
YOU ARE READING
Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်း
Random*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလဲ?" *ဒီnovelလေးကတော့သာမန်ရုံး၀န်ထမ်းမလေးလျှိုရှီးရှီးကရုတ်တရက်၀တ္ထုကမ္ဘာထဲကဗီလိန်မလေးပိုင်စုရှင်းနေရာကိုရောက်သွားတာပါ၊သူမရဲ့လက်တွေ့ကမ္ဘာကို...