၄၄..တွေ့ဆုံလိုခြင်း

4.5K 404 2
                                    

[Unicode]

'ငါဘယ်လိုဖြစ်လို့ဒီကို ထပ်ရောက်လာတာပါလိမ့်?'အရင်တစ်ခေါက်နဲ့မတူတာက,ဇာတ်လမ်းမစခင် လေးနှစ်အလိုကိုကူးပြောင်းလာခဲ့တာပဲ။

သတိသေချာထားမှဖြစ်တော့မယ်။

ရှေ့ကပြောခဲ့သလိုပဲ,အလုပ်ပြောင်း၊တိုက်ခန်းပြောင်း၊အိပ်ယာပြောင်းနဲ့၀တ္ထုကိုဖတ်ကိုမဖတ်ဖြစ်ခဲ့တာ၊လျှိုမဲ့ကလည်း နောက်ဆုံးအပိုဒ်လေးပဲဖတ်ပြတာလေ၊ကိုယ့်ဟာကိုဆို နည်းနည်းလေးမှယောင်လို့တောင်မဖတ်လိုက်ဘူး။

ဒါလည်းငရဲတစ်မျိုးပဲ!အရမ်း..စိတ်ညစ်တယ်!

အနိုင်ကျင့်တယ့်မြင်ကွင်းတွေ၊ဟန်ဆောင်ရမယ့်အခန်းတွေ၊ရေခဲကန်ထဲခုန်ချရတယ့်ဟာတွေ နဲ့အခြားလုပ်ကြံဇာတ်တွေ;အဲ့တာတွေအကုန်လုံးပြန်လုပ်ရမယ်လို့တော့မပြောနဲ့နော်။

အဲ့ဒီအတိုက်အခိုက်တွေက ပြန်ခံစားရအုန်းမှာလား?တွေးရင်း သူမမျက်နှာသွေးများပင်မရှိတော့ချေ;ဒါဆိုငါကဒုတိယအကြိမ် ဗီလိန်အဖြစ်နဲ့သေရအုန်းမှာလား?

'ဘာလို့ကျွန်မကမ္ဘာကလည်‌နေရတာလဲ?မိုးနတ်မင်းကြီးရေ!'

"သခင်မလေး,ဒီနေ့လျှိုယန်မင်းသမီးက သခင်မလေးကိုနန်းတော်ထဲဖိတ်ထားတာမေ့နေပြီလား?"

သူမကိုယ့်နဖူးကိုယ်စားပွဲပေါ်သို့ ပစ်ချလိုက်တော့သည်'စာ‌ရေးဆရာရေ,ကျွန်မအရှုံးပေးပါပြီ,ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့တော့'

တင်ဆက်မှုတစ်ခုကိုပြင်ဆင်နေတဲ့အချိန်လိုပဲ,တစ်ပတ်ကြာအောင်စာရိုက်ရတယ်,ရုတ်တရက်မီးပျက်သွားတယ်,ဖိုင်တွေအကုန်ပျက်သွားတယ်။ တစ်စုံတစ်ယောက်မှ ကျွန်မခံစားခဲ့ရတယ့်စိတ်ပျက်အားငယ်မှုကိုနားလည်မှာမဟုတ်ဘူး၊အဲ့ဒီတုန်းက ကွန်ပျူတာတစ်ခုလုံးကိုပါဝါးစားချင်နေပြီးကုမ္ပဏီပါမီးလောင်ကျွမ်းသွားဖို့ဆုတောင်းနေခဲ့တာ။

မျှော်လင့်ချက်တွေအကုန်ပျောက်ပြီး သတ်သေချင်တယ့်စိတ်ပါ‌ ပေါ်လာတာ၊အဲ့ဒီခံစားချက်ကိုယူတို့ရောသိလား။

'အာ!'

အဲ့ဒီခံစားချက်က ရုံးပိတ်ရက်မှာအချိန်ပိုဆင်းခိုင်းခံရတယ့်ခံစားချက်နဲ့လည်းတူတယ်။

Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်းWhere stories live. Discover now