[Unicode]
"မိန်းကလေးပိုင်ကခွေးမင်းသားကိုကြိုက်နေတာမို့လို့အချိန်တိုင်း ကူညီပေးနေတာပဲဖြစ်ရမယ်"
ဘုရားရေ အာ!ဒီလိုမျိုးငါအရင်က တစ်ခါမှဒေါသမထွက်ဖူးဘူး၊ငါ့ခေါင်းဆောင်းနဲ့သာ သူတို့ကိုချွတ်ရိုက်ပလိုက်ချင်တော့တယ်။
စုရှင်း တစ်ဖက်စားပွဲကလူတွေကိုစွေပြီးကြည့်လိုက်တော့ခေါင်းငါးလုံးဆိုင်ကာသူတို့ပြောနေကြသည်၊တစ်ကယ်...ကြီးလား?ဇာတ်ကွက်ထဲမှာရေးထားလို့ ဒီအတိုင်းအဓိကဇာတ်ဆောင်ကိုကယ်လိုက်တာပါ,အဲ့တာအကုန်ပါပဲ။
"သူတို့နှစ်ယောက်က လျှို့ဝှက်ဆက်ဆံရေးတွေဘာတွေလည်းရှိလောက်တယ်"
*အဟွတ်*အဟွတ်*ဒီဒုတိယအကြိမ်ကိုခေါက်ဆွဲသီးရင်းသေရလိမ့်မယ်လို့တစ်ခါမှမတွေးဖူးဘူး 'ဘာဆက်ဆံရေးမျိုးလဲ?ကံကြမ္မာဆိုးဆက်ဆံရေးလား?'
ကျင်းအာကသူမကိုရေတစ်ခွက်ပေးလိုက်ရင်း နောက်ကျောကိုအသာပုတ်ပေးလိုက်၏ "ဖြည်းဖြည်း,သခင်မလေး"
သူမဘ၀ကရှုံးနိမ့်သွားသလို ခေါင်းငုံ့ပြီးသာအစားပြန်စားနေလိုက်တော့သည်၊ထို့နောက် တစ်ဖက်ဝိုင်းကလူတွေပြောနေတာကိုထပ်ကြားလိုက်ရသည် "ရွေးချယ်ခံထားရတယ့်အိမ်ရှေ့စံမင်းသမီးက ခွေးမင်းသားကိုဖျားယောင်းတာနေမှာပေါ့"
ဘာ ဘုရားဘုရား!ကျို့ကျို့ဝေါ!(ကယ်ကြပါ)
"သခင်မလေး!"ကျင်းအာကစုရှင်းလက်မောင်းကို ဆုပ်ကိုင်ထားသည်။
"ကျင်းအာငါ့ကိုမတားနဲ့,သူတို့ကိုပညာပြမှရတော့မယ်"သူမဒေါသတကြီးဖြင့်သွားတွေကိုသာကြိတ်နေတော့သည်။ဒီလူတွေထပ်ပြောရဲထပ်ပြောကြည့်!
'ဘယ်သူကဘယ်သူ့ကို ဖျားယောင်းတာလဲ?!'
'မိုးနတ်မင်းကြီးရေ,ကျွန်မကိုအပြစ်ပေးတာဆိုလည်းဒါကတော့အရမ်းများမနေဘူးလား?'
ထိုနေ့က သူမဈေးဝယ်ထွက်၊မုန့်စားရင်းပျော်နေရမည့်အစား၊အိမ်ကိုသာစောစောပြန်ဖို့ဆုံးဖြတ်လိုက်သည်၊လမ်းတစ်လျှောက်လည်း ကျင်းအာ နဲ့အမွှာနှစ်ယောက်က စိုးရိမ်တဲ့မျက်လုံးတွေနဲ့ပင်။
YOU ARE READING
Villainess Series 1 : အဓိကဇာတ်ဆောင်အားအနိုင်ကျင့်ခြင်း
Random*THIS STORY IS NOT MINE* The author of this story is badlover101❣️ "ပိုင်စုရှင်း,မင်းဘာလို့အဲ့လောက်ရက်စက်ရတာလဲ?" *ဒီnovelလေးကတော့သာမန်ရုံး၀န်ထမ်းမလေးလျှိုရှီးရှီးကရုတ်တရက်၀တ္ထုကမ္ဘာထဲကဗီလိန်မလေးပိုင်စုရှင်းနေရာကိုရောက်သွားတာပါ၊သူမရဲ့လက်တွေ့ကမ္ဘာကို...