Baby Cuttie (10)

703 68 4
                                    

📌Unicode

ကိုကို့တစ်မျက်နှာ
တစ်ကမ္ဘာထင်ပြီး
ကိုကို့ ရင်ခွင်ထဲမှာပဲ
ခိုလှုံနေချင်ပါတယ် ...
"အဲ့သလောက်တောင် ကိုကို့ ကို ချစ်သလား" လို့ မေးလာတဲ့အခါ
"အဲ့သလောက်ထက်တောင်
ပိုချစ်ပါတယ်" လို့ ဖြေပါ့မယ် ။

K.T.H

:•:•:•:•:•:•:•

ကင်မ်ထယ်ယောင်းဆိုတဲ့ ကိုရီးယားအနုပညာလောကရဲ့ A list စာရင်းဝင် ထိပ်တန်းမင်းသားလေးနဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ Jeon Group ရဲ့ ရှယ်ယာအများဆုံးပိုင်ရှင် သူဌေးလေးတစ်ဖြစ်လဲ မင်းသားလေးရဲ့ မန်နေဂျာတို့၏ ချစ်ခရီးလမ်း အိမ်ထောင်သက်ကာလမှာ အခုဆိုရင်တော့ တစ်နှစ်ကျော်ပင် ကြာမြင့်ခဲ့လေပြီ ဖြစ်သည်။

ထယ်ယောင်းအနေနဲ့ မနားတမ်းသော Shooting တွေ ၊ Schedule တွေ နဲ့ လုံးချာပတ်ချာလိုက်ရင်း အားလပ်ချိန်ဆိုတာ မရှိသလောက်နည်းပါးသော်လည်း ပိုမိုအောင်မြင်ပြီး နာမည်ပိုကြီးလာမှုကြောင့် မိမိ ပင်ပန်းသမျှ ချွေးစက်တို့အတွက် အောင်မြင်မှုအသီးအပွင့်ရလဒ်က ထိုက်တန်သည်ဟုပင် ဆိုရမည်။

သို့သော်လည်း ထယ်ယောင်းအတွက် ပျော်ရွှင်စရာအချိန်တွေကတော့ ပို၍ နည်းပါးလာသည်ဟု ခံစားနေမိသည်။

အမှန်အတိုင်းပြောရလျှင် ထယ်ယောင်း ခုတလော သိပ်မပျော်ရွှင်မိ။

အလုပ်လုပ်ရတဲ့အပေါ် စိတ်ပင်ပန်းနေမိသလို မိမိရဲ့ ချစ်ခင်ပွန်းဂျောင်ကု နဲ့လဲ နည်းနည်းစိမ်းသက်နေသလို ဖြစ်နေမိသည်။

ဘယ်ကစပြီး ဘာတွေဘယ်လို လွဲမှားနေသလဲဆိုတာကိုတော့ ထယ်ယောင်း အဖြေမရှာမိ။

ကြင်စဦးကာလတုန်းက ပျော်စရာအချိန်လေးတွေကိုတော့ သိပ်လွမ်းမိသည်။

မိမိအပေါင်းအသင်းတွေ အိမ်အလည်လာနေကြရင်း အမွှေဇယားတွေ ခင်းသွားကြတဲ့အချိန်တွေကို ပြန်ပြောင်းသတိရမိသည်။

ထိုအမွှေတွေ ကြားထဲကမှ ဂျောင်ကုနဲ့ အပြာရောင် အချစ်ညတွေ ဖန်တီးခဲ့ရတာကလဲ ပိုပြီး ရင်ခုန်ကြည်နူးစရာကောင်းခဲ့သည်။

ဟိုဆော့ အပီအပြင်မွှေသွားသလို ဆော့ဂျင်ကလဲ
ဟိုဆော့နီးပါး အစွမ်းတွေပြသွားခဲ့သည်။ နောက်ဆုံး ဂျောင်ကုရဲ့ ညီ ဂျီမင်းလေးကပါ သူ့ရည်းစား ယွန်းဂီကို ခေါ်ကာ မိမိတို့အိမ်မှာ ပျော်သလောက် လာနေဦးမည်ဆိုပြီး စနောက်ခဲ့သေးသည်။ တကယ်တမ်းတော့ လာမနေဖြစ်ခဲ့ပါ ။ တမင်အမွှေသဘောနဲ့ စနောက်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကိုတော့ နောက်မှ သိခဲ့ရသည်။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now