Baby Cuttie (12)

791 73 0
                                    

📌Unicode

အချစ်ဆိုတာ
တကယ့်ကို ရိုးရိုးရှင်းရှင်းလေး
မင်းနဲ့အတူ နိုးထပြီး
မင်းနဲ့အတူ တနေ့တာ ကုန်ဆုံးချင်တာမျိုး ။

ရိုးရှင်းတဲ့ ဘဝငယ်လေးမှာ
မင်းတစ်ယောက်ထဲကိုသာ
တမ်းတမ်းတတ
လိုအပ်နေတာမျိုး ။

ချစ်သည် ....
ဘယ်အရာနှင့်မှ နှိုင်းယှဉ်၍ မရလောက်အောင်
သိပ်ချစ်ပါသည် ။

J.J.K + K.T.H

:•:•:•:•:•:•:

ထယ်ယောင်း ရင်တခုလုံး ဗလောင်ဆူပြီး ဂျောင်ကုနဲ့ အဝေးဆုံးနေရာသို့ ရှောင်ပြေးလာမိသည်။
မျက်နှာချင်းလဲ မဆိုင်ချင်သေး ။ သူပြောလာမည့် အကြောင်းအရာတွေလဲ ခုချိန်မှာ နားထောင်နိုင်စွမ်း မရှိသေး ။

မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းက သူ့အသည်းနှလုံး အား တစစီ ဆွဲစုတ်လိုက်သလိုပင် ။ ဒီလောက်အထိ သူ မတွေးခဲ့ဖူးပေမဲ့ သူ့အား ဒီလောက်တောင် ရက်ရက်စက်စက် လုပ်ရက်ခဲ့သည်။

အိမ်ထောင်ရေး ဖောက်ပြန်မှု ။ သွေးသားနှီးနှောခြင်း ။ သူ့အပေါ်ကို ထိုသို့ လုပ်သွားဖို့ ထယ်ယောင်းက ဒီလောက်တောင် အပေါစားဆန်သွားလေရော့သလား ။ ထူထောင်ထားတဲ့ အိမ်ထောင်တခုက ယောင်္ကျားလေးချင်း ဖြစ်နေတာမို့ပဲ ဒီလောက် လွယ်လွယ်ကူကူနဲ့ ဖြိုခွဲနိုင်လေခြင်းလား။

သူသိပ်မြတ်နိုးခဲ့တာလေ ကိုကို့ကို ။
သိပ်ပြီး ယုံကြည်အားကိုးခဲ့တာ ။

နောက်ဆုံးတော့ နောက်ဆုံးတော့
ကိုကိုက ဘေဘီကို တကယ် မချစ်ခဲ့ဘူးပဲ ။

ထယ်ယောင်း New Zealand သို့ ထွက်ခွာမဲ့ လေယာဉ်ပေါ်မှာ ရောက်နေခဲ့ပြီ ။ Hotel ကနေ အိမ်အမြန်ပြန်ကာ Passport ယူပြီး အဝတ်အနည်းငယ် နဲ့ ခရီးဆောင်အိတ်ဆွဲကာ အခုလို ထွက်လာခဲ့ခြင်းပင်။

ထိုတလျှောက်လုံး ကိုကိုကတော့ အရိပ်အယောင်မျှတောင် ပေါ်မလာခဲ့ ။ "ထယ်ယောင်း အထင်မှားတာပါ ဘာညာ " ချော့မော့ပြောဆိုဖို့တောင် ကိုကိုက ပေါ်ထွက်မလာခဲ့ဘူးဆိုတော့ ဒါဟာ အထင်မှားတဲ့ကိစ္စ မဟုတ်တော့ဘူးဆိုတာ သေချာနေခဲ့တာပေါ့ ။ မျက်စိနဲ့ တပ်အက်မြင်ခဲ့ရတဲ့ အမှန်တရားလေ ။ လွဲနိုင်စရာ ရှိပါဦးတော့မလား ။

𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now