📌Unicode
နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း
ဖြစ်တည်လာတဲ့ အချစ်ပါ ထယ်ဘဝမှာ ဒီတယောက်ထဲကိုသာ
ရူးရူးမိုက်မိုက်
စွဲစွဲလမ်းလမ်း
ချစ်ခဲ့ဖူးတာပါ ထယ်ယုံပါလို့ စကားတွေနဲ့ပဲ အပိုမပြောပါဘူး
နှလုံးသားတခုလုံးနဲ့
သက်သေပြမှာပါ ကိုယ့်လမင်းငယ်။J.J.K
:•:•:•:•:•:•
Shooting ရိုက်ကွင်းမှာ ဂိုယောင်အင်း နဲ့ တွဲရိုက်လျက်ရှိတဲ့ ဇာတ်ကားလေးအတွက် ထယ်ယောင်းအနေနဲ့ သူ့ဇာတ်ကောင်ကို ပိုမိုအသက်ဝင်လှပအောင် ဖော်ကြူး သရုပ်ဆောင်လျက်ရှိသည်။
နောက်ဆုံး ဇာတ်သိမ်းခန်းကို ရိုက်ကူးပြီးစီးဖို့ကလဲ သိပ်မလိုတော့ပေ ။
ဒီ ဇာတ်ကားပြီးစီးလျင် ထယ်ယောင်းဘက်က ဂိုယောင်အင်းနဲ့ ထပ်မံလက်တွဲဖြစ်မှာ မဟုတ်တာကတော့ အသေအချာပင်။
ဒါဆို ဂျောင်ကုဘက်ကရော ။
ဒီအတွေးကတော့ ထယ်ယောင်း မစဉ်းစားကြည့်ချင်ဆုံးသော အရာ ။ ထယ်ယောင်း ကြောက်မိတယ်။ ဂျောင်ကုက သူ့ကို ထားရစ်ခဲ့ကာ ဂိုယောင်အင်းကို ရွေးချယ်သွားမှာမျိုး ထယ်ယောင်း သေအောင် ကြောက်ပါတယ်။
လွန်ခဲ့တဲ့ ရက်က ဂျောင်ကု နဲ့ ဂိုယောင်အင်းကို စားသောက်ဆိုင်မှာ တွဲမြင်မိပြီးကထဲက သူတို့နှစ်ယောက်နဲ့ ပက်သက်ပြီး ထယ်ယောင်း စိတ်ဒဏ်ရာ ရနေခဲ့ပေမဲ့ သူ့ခံစားချက်တွေကို မြိုသိပ်ရင်း ကြိတ်မှိတ်သည်းခံကာ နေခဲ့သည်။ သူ့ခံစားချက်တွေကို ဖော်ထုတ်ရင်ဖွင့်ပြဖို့လဲ မရဲ ။
ဒါကလဲ ဂျောင်ကု နဲ့ ပွင့်ပွင့်လင်းလင်း ဖြေရှင်းမိပါလျှင် ထယ်ယောင်းကို ထားပစ်ခဲ့မည့်စကားသံများ ဂျောင်ကု နှုတ်ဖျားမှ မတော်တဆ ထွက်ကျလာမှာကို ကြောက်ရွံ့သောကြောင့် ထိပ်တိုက်ဆွေးနွေး ဖြေရှင်းရမည့်လမ်းကို ထယ်ယောင်း မရွေးရဲပေ။
ဒါ့ကြောင့် ဂျောင်ကု နဲ့ ဂိုယောင်အင်း ရဲ့ ပက်သက် ဆက်နွယ်နေမှုကို ထယ်ယောင်း မသိမသာနဲ့ပဲ အကဲခတ်လေ့လာရင်း ဒီကာလကို ဖြတ်ကျော်လာခဲ့သည်။

KAMU SEDANG MEMBACA
𝑩𝒂𝒃𝒚 𝑪𝒖𝒕𝒕𝒊𝒆 𝑰𝒔 𝑴𝒊𝒏𝒆 [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]
Romansaပါးမို့မို့လေးထက် အနမ်းဖွဖွခြွေချချင်သည်။ နှုတ်ခမ်းရဲရဲလေးအား ထွေးငုံထားချင်သည်။ ထို ချစ်ရသူအား တံဆိပ်ခပ်နှိပ် သိမ်းထားချင်သည်။ "ကျွန်တော်ပိုင်တဲ့ ကြွေရုပ်လေး" ဟူ၍ ....။ 💜Baby Cuttie Is Mine💜