• 4 •

178 36 11
                                        

ထိုနေ့ကသဲငယ်မူးလဲသွားတယ်ဆိုတဲ့ သတင်းကြားပြီး အပြေးသွားတွေ့ချင်ခဲ့ပေမယ့် ကိုယ်ဘာမှမတတ်နိုင်ခဲ့ဘူး... လေယာဉ်ထွက်တော့မယ့် အချိန်ထိကိုယ်ဟာ တွေဝေနေမိဆဲပါဘဲ... တစ်ခါလောက်ကိုယ့်သဘောဆန္ဒအတိုင်း နေကြည့်ချင်မိတယ် ဒါပေမယ့် ကိုယ်သတ္တိမရှိခဲ့ပြန်ဘူး။

◆◇◆◇◆◇◆◇

"ရောက်လာပြီလား ဒီကိုလာထိုင်"

"ပြောစရာရှိရင် နောက်မှပြောလို့ရမလား ကျနော်အရမ်းပင်ပန်းနေလို့"

"ချွဲဘောမ်ဂယူး ငါက လာလို့ပြောနေတယ်မလား"

"ဟင်း ဟုတ်ကဲ့"

"ငါကမင်းကိုဘယ်လိုတွေ အလိုလိုက်ခဲ့သလဲ အားလုံးထက်မင်းကို အခွင့်ရေးပေးခဲ့တာကို အခုဒါက ဘယ်လိုလုပ်ရပ်မျိုးလဲ"

"ကျနော်က ဘယ်လိုလုပ်ရပ်မျိုးလုပ်နေလို့လဲ ချစ်မိတာက အပြစ်မှမဟုတ်တာ"

"ချစ်မိတာကအပြစ်မဟုတ်ဘူး မချစ်သင့်တဲ့သူကို ချစ်မိတာအပြစ်ဘဲ"

"အချစ်မှာ ကန့်သန့်ချက်တွေ မရှိဘူး ဘယ်သူ့ကိုမဆို ချစ်မိသွားနိုင်တာဘဲ"

"မင်းကငါ့ဂုဏ်သိက္ခာတွေကို လူပြောစရာဖြစ်အောင် လုပ်နေတာဘဲ"

"အခုအဖိုးကအဖိုးရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်လာမှာ စိုးရိမ်နေတာလား အဲ့ဒီအတွက်စိတ်မပူပါနဲ့ ကျနော်တို့အချစ်ကို အဖိုးရဲ့ဂုဏ်သိက္ခာတွေကို မထိခိုက်စေပါဘူး"

"ချွဲဘောမ်ဂယူး ငါ့ကိုအတွန့်မတက်နဲ့ ထပ်ပြီးအဲ့ကောင်လေးနဲ့ အဆက်သွယ်မလုပ်နဲ့ ငါပြောတာ နားမထောင်ဘူးဆိုရင် မင်းတို့တစ်သက်လုံး ပြန်တွေ့ရမယ်မထင်နဲ့"

"အဖိုးဗျာ..."

နောက်တော့ အဖိုးရဲ့သဘောအတိုင်း အမေရိကားမှာဘဲ ကျောင်းဆက်တက်ခဲ့ရတယ်။ ဘယ်သူနဲ့မှလဲ အဆက်သွယ်မလုပ်ဖြစ်တော့ဘဲ လေးနှစ်တာကုန်ဆုံးသွားခဲ့တယ်။

ကျောင်းတက်ရင်းကုန်ဆုံးသွားတဲ့ လေးနှစ်ဆိုတဲ့အချိန်က ဘာမှမကြာလိုက်ဘူးထင်ရပေမယ့် ကိုယ့်အတွက်တော့ မင်းမရှိတဲ့အချိန်တက္ကန့်လေးကအစ အရမ်းကြာလွန်းနေတယ်။ ကိုယ်အမြဲလိုလိုစိုးရိမ်စိတ်ဝင်နေမိတယ်။ မင်းသာကိုယ့်ကို မစောင့်နိုင်တော့မှာ... ကိုယ့်ကိုမုန်းသွားမှာ... အခြားတစ်ယောက်ရှိလာပြီး ကိုယ့်ကိုမေ့သွားမှာ... ကိုယ်သေလောက်အောင် ကြောက်နေမိပါတယ်။

Recall-Don't Wanna Recall || BEOMTAE [✓] Место, где живут истории. Откройте их для себя