🍃

46 2 0
                                        

မထင်ရဘူးဆိုပေမယ့် ငါက အရမ်းကိုဆိုးသွမ်းဖူးတယ်။

ရန်တွေဖြစ်တယ်။
စီးကရက်တွေ သောက်တယ်။
စိတ်ပင်ပန်းတိုင်း လက်ကောက်၀တ်ကို ရန်ရှာတယ်။
အလုပ်တွေ မမြဲသလို အသုံးအဖြုန်းလည်းကြီးတယ်။

နောက်တော့ အစ်မနဲ့တွေ့ခဲ့တယ်။

ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့ဆိုတဲ့စကားကြောင့် -ါးတွေက အမှိုက်ပုံးထဲ ရောက်သွားတယ်။

မင်း ရိုင်းစိုင်းနေတာ ငါ မမြင်ချင်ဘူးဆိုလို့ ရန်မဖြစ်တော့ပဲ
ငြိမ်ငြိမ်ကလေး နေပေးတယ်။

အဲ့စီးကရက်တွေ သောက်နေတာကောင်းလား၊ ငါလည်း လိုချင်တယ် လို့ ပြောလို့ စီးကရက်အကြောင်း သူ့ရှေ့မှာ မပြောရဲတော့သလို သောက်ဖြစ်ရင်တောင် သူမသိအောင်ပဲခိုးသောက်တော့တယ်။

မင်း ကိုအလုပ်တစ်ခုမှ ရေရှည်မြဲစေချင်ပြီ လို့ ပြောခဲ့တော့ မျက်ရည်ကျတဲ့အထိ အပြောခံရတာတောင် ခေါင်းငုံ့ခံပြီး အလုပ်တွေ ကြိုးစားတယ်။

ချွေတာသုံးလေ ဆိုလို့ ပိုက်ဆံတွေလည်း စုခဲ့တယ်။

အံဩစရာကောင်းလောက်အောင်
တစ်မျိုးလုံးက လက်မှိုင်ချထားရတဲ့ငါက  အစ်မရဲ့စကားကိုတော့ တစ်သွေမတိမ်း နားထောင်တယ်။

ငါက
အစ်မ ဆုံးမရင် လိမ်မာနေမယ့် သူဖြစ်ပြီး
အစ်မ ပစ်ထားရင် ပျောက်ရှသွားမယ့် သူပါပဲ....

Dear AuthorWhere stories live. Discover now