🔒

157 18 1
                                        


အတိမ်းအ​စောင်းမခံနိုင်​လို့ အစစအရာရာသတိထား​နေကာမှ








ကျွန်တောရဲ့ မသိတတ်ခြင်းတွေက
ခင်ဗျားရဲ့စိတ်ကို အဆိပ်ဖြစ်စေခဲ့တယ်။

အတိမ်းအစောင်းမခံနိူင်လို့ အစစအရာရာသတိထားနေကာမှ
ပိုပိုပြီး အမှားအယွင်းတွေဖြစ်လာတဲ့အခါ
ကျွန်တော့ကြောင့် ခင်ဗျားထပ်ပြီးနာကျင်ရမှာကိုကြောက်မိတယ်။

ကျွန်တော့ရဲ့ မသိတတ်ခြင်းတွေက
ကျွန်တော့ရဲ့စိတ်ကိုလဲ ဒဏ်ရာ ရစေတယ်။

စိုးရွံမှုတွေနဲ့ကျွန်တော်က ခင်ဗျားရှေ့ထပ်ရောက်လာချင်ပေမယ့်
စိတ်ကျဉ်းကြပ်မှုတွေနဲ့ကြုံတွေ့နေရတဲ့ ခင်ဗျားကိုလဲအားနာတယ်။

ဝေးဝေးမှာနေမယ်၊တိတ်တိတ်လေးချစ်မယ်လို့တွေးလိုက်မိပြန်တော့လဲ
ခင်ဗျားနဲ့ဝေးရင် မနေနိုင်တဲ့ကျွန်တော့စိတ်က ကျွန်တော့ကိုပြန်သတ်နေတယ်။

ချစ်ပေးလိုက်၊ပြီးရင်ပစ်ထားလိုက် မင်းသာသူ့အတွက်အရေးပါဆုံးလူဆိုရင် သူမင်းရှေ့ရောက်လာလိမ့်မယ်တဲ့။
ဒါပေမယ့် ကျွန်တော်ချစ်ပေးသည်ဖြစ်စေ၊ပစ်ထားသည်ဖြစ်စေ
ခင်ဗျားအပေါ် ဘာဆိုဘာမှအကျိုးသက်ရောက်မှုမရှိခဲ့ဘူး။

ခင်ဗျားအတွက်ကျွန်တောက ချစ်ခြင်းမုန်းခြင်းရေးမှတ်ထားခြင်းမရှိတဲ့ ဗလာစာရွက်သက်သက်ပဲ။

အတွေးလွန်ပြီးစိုးရိမ်တတ်တဲ့ကျွန်တောက
နောက်တကြိမ်ဆိုတဲ့အရာကိုတွေးမိလေတိုင်း
ခင်ဗျားနဲ့ ဝေးရာကိုထွက်ပြေးဖို့ကိုသာကြိုးစားတော့တယ်။

မချစ်တော့လို့စွန့်လွှတ်တာမျိုးမဟုတ် အရမ်းချစ်လွန်းလို့ လက်လွှတ်လိုက်တာဆိုတာကိုတော့ခင်ဗျားသိလောက်မှာပါ။

Dear AuthorWhere stories live. Discover now