မင်း တို့ မသိတဲ့ ကာလတစ်ခုတုန်းက
ငါက သိပ်ကိုဆိုးသွမ်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။
မာနကြီးတယ်။ဘ၀င်မြင့်တယ်။ဆက်ဆက်ထိမခံဘူး။ကိုယ့်နေရာနဲ့ ကိုယ်မနေတတ်ဘူး။ပွဲဟေ့ ဆိုတာနဲ့ ငါ့နာမည်က ထိပ်ဆုံးကပဲ။
ဘယ်ကနေပဲ ပွဲစ စ ပိတ်ပွဲ ဟာ ငါ့နာမည်ပဲ။Comment မန့်တာကအစ react ပေးတဲ့အဆုံးထိ ချားကီးပေါင်း တစ်သောင်းခြောက်ထောင်ကတိုက်ပြီး
ငါကိုယ်တိုင်ကလည်း ရန်ဖြစ်ရတဲ့ အရသာကို ခုံမင်ခဲ့တယ်။
ပြန်တွေးကြည့်ရင် ငါ က မမှားသလိုနဲ့ မှားခဲ့တဲ့အချက်တွေအများကြီးပဲ။ငါရဲ့ ဆိုးသွမ်းမှုတွေက ငါရဲ့ပတ်၀န်းကျင်ကို သိသိသာသာ ရိုက်ခတ်စေတယ်။
အထူးသဖြင့် ငါ မြတ်နိုးရတဲ့သူမ ။
ငါ က ရိုင်းစိုင်းလို့ ငါနဲ့ပက်သက်တာမျိုး မမြင်ချင်ဘူးဆိုတဲ့ စာတွေတောင် သူမဆီ ပို့ခဲ့ကြတာ။ငါက သူမ ကိုလက်မလွှတ်နိုင်ခဲ့တာမို့
ငါ လွှတ်ချပစ်တဲ့ ရပ်၀န်းတွေ၊ ဖြတ်တောက်လိုက်တဲ့ ဆက်ဆံရေးတွေ၊ စွန့်လွှတ်ပစ်တဲ့ အကျင့်ဆိုးတွေ ...အင်းး နောက်ဆုံးမှာ ငါက မင်းတို့မြင်နေရတဲ့ သိပ်အေးချမ်းတဲ့သူ ဖြစ်သွားတော့တာပါပဲ ။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
Dear Author
Non-Fictionငေးကြည့်နေခွင့်ရရုံလေးနဲ့.. ခင်ဗျားရှိရာ အရပ် ဆီ တစ်သက်လုံးစာ မျက်နှာမူထားချင်တဲ့ ကျွန်တော်က သက်ရှိ နေကြာ...။