enjoy
767 63 2
"ချစ်သော အာသာ 💜"
အစထဲက အများကြီး မမျှော်လင့်ခဲ့တာမို့
ဒီအခြေအနေနဲ့ပဲ ရောင့်ရဲနိုင်ပါတယ်။
ခင်ဗျား ရဲ့အကောင့်လေးကို ရှာတွေ့ခဲ့ပေမယ့်
အရှက်သည်းတဲ့ ခင်ဗျားလေးက လက်မခံရဲဘူးတဲ့။
ချစ်လိုက်တာ...။
ခပ်အေးအေးကောင်မလေးရေ
ဟာသတစ်ခုပြောပြမယ်
ခင်ဗျားလေးကို ကျွန်တော်ပုံဖော်ကြည့်ထားတဲ့ပုံစံနဲ့
ခင်ဗျားလေးပုံစံက တစ်ခြားဆီပဲ 😁
ခင်ဗျားလေးကလေ ကျွန်တော်ထင်ထားတာထက်အများကြီး
ပို ချစ်ဖို့ကောင်းတယ် 💜
ပြီးတော့ ကျွန်တော့် ထက်လဲ အသက်ငယ်သေးတယ်။
ခင်ဗျားလေးရဲ့ ဦးဏှောက်ကို ကျွန်တော်တကယ်ပဲလေးစားမိတယ်။
ဘယ်လိုတောင် တွေးနိုင်ရေးနိုင်ရတာလဲလို့။
နှလုံးသားကကြီးမှ ဦးဏှောက်က ကြီးတာတဲ့။
ခင်ဗျားလေး က ချစ်ခြင်းမေတ္တာကို အလေးအနက်ထားတဲ့သူပဲ
ကျွန်တော့ကိုတော့ ကြာကြာပစ်ပယ်နိုင်မယ်မထင်ပါဘူး 😬
ခင်ဗျားကိုလွမ်းရင် လာတွေ့လို့ရနိုင်မယ့်
အကွာအဝေးမှာ ကျွန်တော်နေထိုင်တယ်။
အရှက်သည်းပြီး ခပ်အေးအေးနေတတ်တဲ့
ခင်ဗျားလေးက ကျွန်တော်စာတွေဖတ်ကြည့်ပြီး ရှက်နေအုံးမလား။💜
ကျွန်တော့ကိုရော မေးခွန်းတွေ မမေးချင်ဘူးလား။
ခင်ဗျားလေးကို ဘယ်လိုရှာတွေ့ခဲ့တာလဲဆိုပြီလေ..။
ကျွန်တော်က ပြောပြချင်တာ..။
တစ်လနဲ့တစ်ရက်တိတိလုံလအားထုတ်ပြီးရှာခဲ့ရတာကိုလေ
ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောပြချင်တာ..။💜
ကျွန်တော်က ကျွန်တော့ကိုကျွန်တော် စိတ်သဘောထားပြည့်ဝလှပြီထင်တာ
ခင်ဗျားအကောင့်လာမေးတဲ့သူတွေကိုတော့ ဆဲလွတ်တာဗျ။
ကျွန်တော်လဲ အူပုတ်တတ်တယ်တဲ့။
ဒီနေ့မှ ကိုယ့်ကိုကိုယ်သိတယ်..။😈
ကျွန်တော့အတွက်
ခင်ဗျားရဲ့ပုံလေးရယ်
အသက်လေးရယ်
နေတဲ့မြို့လေးကို သိရတာက
သိန်းထီဆုကြီးပေါက်တာထက် ပိုပျော်မိတယ်။
ထီတော့ မပေါက်ဖူးဘူးနော် .😬
ခင်ဗျားလေး ကြည့်ရင် မြင်နိုင်မှာပါ။
ကျွန်တော့ရဲ့ ရူးသွပ်ခြင်းတွေကို..။
.💜
"ချစ်သော အာသာ 💜"
ချစ်လိုက်တာ...။
ဟာသတစ်ခုပြောပြမယ်
ပြီးတော့ ကျွန်တော့် ထက်လဲ အသက်နည်းနည်းကြီးတယ်။
ကျွန်တော့အတွက်
ခင်ဗျားရဲ့ပုံလေးရယ်
အသက်လေးရယ်
.💜
Dear AuthorWhere stories live. Discover now