ချစ်သော အာသာ
ဒီရက်ပိုင်း ခင်ဗျားဆီကို မရောက်ဖြစ်တာတော်ကြာပေါ့ ။
ခံစားချက်တွေကို ဖွင့်ဖောက်ဖတ်တတ်တဲ့ ကလေးတွေက မေးတယ်။
ခင်ဗျားနဲ့ပက်သက်ပြီး ခံစားချက်တွေ ငြိမ်သက်သွားတာလား၊အရင်လို ရင်ဖွင့်စာတွေ မရေးတော့ဘူးနော်တဲ့။ကျွန်တော် ရယ်ပြခဲ့တယ်သိလား။
အမှန်တိုင်း ပြောရရင် ဒီရက်တွေကိုမှာ
ခင်ဗျားကို ခဏမေ့ပစ်ထားတယ်။ခင်ဗျားကတော့ ပြောမှာပေါ့။
မင်းဘာသာသတိပဲရရ၊မေ့ပဲမေ့မေ့ ငါနဲ့ဘာဆိုင်လဲလို့။
ဒါပေမယ့် စွဲချက်မရှိတဲ့ပြစ်မှုတွေအတွက် ကျွန်တော်ကအယူခံဝင်ချင်သေးတာ။ခင်ဗျားကို မေ့ထားတဲ့ ဒီဆယ်ရက်အတွင်း
ခင်ဗျားအကောင့်သူငယ်ချင်း ၁၄ယောက်တိုးလာတယ်။
ညနက်ပိုင်းထိ အွန်းလိုင်းသုံးတာက၄ရက်ဖြစ်သလို
မနက်ခင်းပိုင်းတွေမှာ ပျောက်နေတတ်တယ်။ကျွန်တော်စကားလာပြောတိုင်း ဝဋ်ကျေတမ်းကျေပြန်ပြောပေမယ့်
ကျွန်တော်ရဲ့အပြုအမူအချို့ကြောင့်
ခင်ဗျားစိတ်အနှောက်ယှက်ဖြစ်ရင်ဖြစ်နေမယ်။
မဖြစ်ရင်လဲမဖြစ်ဘူးပေါ့။
ကျွန်တော်မခန့်မှန်းနိုင်တာ ခင်ဗျားအတွက်ကျွန်တော်က
ဘယ်နေရာမှာ ဘယ်လောက်ရာခိုင်နှုန်းထိ အရေးပါနေမလဲမသိနိုင်လို့လေ။တခါတခါအရမ်းနွေးထွေးပြီး
တခါတခါအရမ်းဥပေက္ခာပြုလွန်းတဲ့ ခင်ဗျားက
ကျွန်တော့်ကို အနိုင်ကျင့်မိမှာတော့
ကြောက်တတ်သေးတယ်နော်။အမှန်တိုင်းဝန်ခံရရင်
နေ့စဉ်နဲ့အမျှ ခင်ဗျားကိုမေ့ပြစ်ဖို့ပဲကြိုးစားနေတာ။
ဒါပေမယ့် အခုချိန်ထိမလုပ်နိုင်သေးဘူး။
မေ့ပြစ်ဖိုကြိုးစားနေတဲ့လူတစ်ယောက်ကိုလဲ
ခင်ဗျားကရော ဘယ်လိုစိတ်မျိုးထားပြီး လက်ကမ်းကြိုနိုင်မှာလဲလေနော်။
![](https://img.wattpad.com/cover/202869642-288-k754736.jpg)
YOU ARE READING
Dear Author
Non-Fictionငေးကြည့်နေခွင့်ရရုံလေးနဲ့.. ခင်ဗျားရှိရာ အရပ် ဆီ တစ်သက်လုံးစာ မျက်နှာမူထားချင်တဲ့ ကျွန်တော်က သက်ရှိ နေကြာ...။