PT ( 5 )

174 32 2
                                    

(Zaw)

"တိတ်ကြပါတော့"

"အေးပါ သရဲကြောက်ရဲ့"

ဝိုင်းရယ်နေကြတဲ့ သူတို့ကို နာဂျယ်မင်း နည်းနည်းမှအမြင်
မကြည်တော့ပါ သူများကြောက်နေတာ ရယ်ရတယ်လို့
သူတို့ကို ဘယ်သူများသင်ပေးထားပါလိမ့်

"ကိုကြီး"

"ဘာလဲ"

"ဖုန်းနံပတ်ပေးထား"

"ဟာ ဘာလုပ်မို့လဲကွ"

"သရဲလာရင် ကိုကြီးကိုဖုန်းဆက်ခေါ်မယ်လေ"

"ငါက မကောင်းဆိုးရွား နှိမ်နင်းရေးကမဟုတ်ဘူး"

"ကိုကြီးအသံကြားရင် ကျွန်တော်အားရှိလို့ပါ နော်လို့နော်
ကိုကြီးနော်"

"ပေးလိုက်လေကွာ"

"ပေးစရာလား ရှုပ်ရှုပ်ယှက်ယှက်"

နဂိုထဲက သူနဲ့မဆိုင်တော့အောင်ရှောင်ပါတော့မယ်ဆိုကာ
မှ ဖုန်းနံပတ်ကြီးလာတောင်းတော့ ဘယ်လိုလုပ်ရမှာလဲ
ဂျယ်နိုအရူးကလည်း ပေးခိုင်းနေတာများ အေးလေမကြုံဖူး
တော့ဘယ်သိမှာလဲ

"အကိုရယ် ပေးလိုက်ပါ ကျွန်တော့်သူငယ်ချင်းကလေ ကို
ကြီးရူး ရူးနေတာ"

"ကိုကြီး"

အငိုမျက်လုံးလေးနဲ့ပြောလာတဲ့ ကောင်လေးကို ရွမ်ကျွင့်
ဒေါသထွက်မိပါသည် လက်သီးနဲ့ဆွဲထိုးလိုက်ရင်တော့ အ
ရိုးတွေဘဲကျန်တော့မယ် ဒါပေမဲ့လည်း မလုပ်ရက်
မထူးတော့ဘူး ရွမ်ကျွင့်ရေ ပေးသာပေးလိုက်ပါတော့

"ပေး မင်းဖုန်း ငါနံပတ်ရိုက်ပေးမယ်"

"ဟုတ်ကဲ့"

သူ့ဖုန်းလေးကိုထုတ်ပေးပြီး သူကတော့ရယ်နေလေရဲ့ ခု
နက သရဲကြောက်နေတာ သူမှ ဟုတ်ရဲ့လားနော်
တော်တော်လေးကို မလွယ်ပါလား

"တော်တော် အကျိုးမပေးတဲ့ကောင်"

"ကျေးဇူးပါ ကိုကြီး"

"ဂျယ်နို သွားမယ်"

"ပြန်တော့မယ်နော် တာ့တာ"

"ဟုတ်ကဲ့ပါ"

ထွက်သွားတဲ့ သူနှစ်ယောက်ကိုကြည့်ရင်း ဟယ်ချန်းနဲ့ဂျယ်
မင်း လက်ဖဝါးချင်းခိုက်လိုက်ကြသည်

မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )Where stories live. Discover now