(Zaw)"ရွမ်ကျွင့်"
"အင်း ဘာလဲ"
"နာဂျယ်မင်း ကဘယ်သူလဲ"
"ဘယ်သူ"
"နာဂျယ်မင်းကဘယ်သူလဲလို့ "
"ဘယ်သိမှာလဲ"
"အဲ့ဒီတော့ ဒီစာအုပ်တွေကဘာလဲ"
ရွမ်ကျွင့် ခဏစဉ်းစားပြီးမှ ဂျယ်နိုအမေးကိုပြန်ဖြေလိုက်
သည်"မသိပါဘူးကွာ ဘယ်ကကောင်စုတ်လေးမှန်းမသိပါဘူး န
မော်နမဲ့ နဲ့စာအုပ်တွေကျန်ခဲ့တယ်လေ""အဲ့တော့ မင်းကယူထားပေးတယ်ပေါ့"
"ထပ်ဆုံရင်တော့ပြန်ပေးရမှာပေါ့ ပညာရေးကအရေးကြီး
တယ်မဟုတ်လား မဆုံတော့လည်း မပေးရုံဘဲရှိတာပေါ့""ဆိုတော့ မင်းကသူနဲ့ထပ်ဆုံချင်တယ်ပေါ့ "
"မဟုတ်ပါဘူး"
ဂျယ်နိုကတရားခံစစ်သလိုမေးလာပေမဲ့ ရွမ်ကျွင့်ကတော့
ဘာမှမတုံ့မဆိုင်းဘဲဖြေလိုက်သည် သူဘာစိတ်မှရှိတာမှမ
ဟုတ်တာလေ တကယ်ဆိုမဆုံခဲ့တာမှကောင်းဦးမှာ"မင်းအနာတွေဘာတွေ ဆေးထည့်လို့ပါလား ပတ်တီး
တွေဘာတွေစီးလို့ ဘယ်တုန်းကအဲ့လောက်တတ်သွားတာ
လဲ""ငါလုပ်ထားတာမဟုတ်ဘူး"
"ဘာလဲ ဟိုကောင်လေးဘဲလား"
"အင်း တော်တော်လေးရှုပ်တဲ့ကောင်လေ"
"ရွမ်ကျွင့် သတိထားနော်"
"ဘာလဲ"
"ဘယ်သူမှမယုံရဘူး တော်ကြာနေ မင်းသူ့ကို ကြိုက်သွား
မှဖြင့်...""ဟိတ် များသွားပြီနော် ကြိုက်စရာလား အီဂျယ်နို မင်းရဲ့အ
ရာမရောက်တဲ့စကားတွေရပ်လိုက်တော့""အင်းပါ ငါကစတာ"
"မစနဲ့ကွ မကြိုက်ဘူး"
"ငါစတာမကြိုက်ပေမဲ့ သူ့ကိုတော့ကြိုက်တယ်မလား"
"အီဂျယ်နို မင်းငါဝယ်ခဲ့တဲ့ ကြက်သားတွေမစားနဲ့တော့"
"အိုးးး မလုပ်ရဘူးလေ နော်ရွမ်ကျွင့်နော်"
အပြီအပြင်ကိုမျက်နှာ အချိုးပြောင်းသွားတဲ့ ဂျယ်နိုကို ရွမ်
ကျွင့် မျက်စောင်းသာထိုးလိုက်သည် တော်တော်လေးကို
တတ်နိုင်တဲ့ကောင်ပါလားနော်

YOU ARE READING
မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )
Casualeကိုယ်ချစ်သည့်ပန်း အဆူးရှိမှန်းသိသော်လည်း အချစ်များစွာဖြင့်မြတ်နိုးရပါတယ် "မောင်" {Renmin} Mini Fic ကိုယ်ချစ်သည့်ပန်း အဆူးရှိမှန်းသိသော်လည်း အချစ်များစွာဖြင့်မြတ်နိုးရပါတယ် "မောင်" {Renmin}