PT ( 6 )

171 27 4
                                    

(Zawgyi)

ဖုန်းနံပတ်ရပြီးထဲက တစ်နေကုန်မနားရအောင်ဆက်တိုက်
လိုလို ဖုန်းတွေဆက်နေပါသော ဂျယ်မင်းကြောင့် ရွမ်ကျွင်
ဒေါသထွက်ရသည် တော်ရုံဆို ရပေမဲ့ သူ့အလုပ်တွေအထိ
ပါအနှောင့်အယှက်ဖြစ်လာသည်လေ

ဆက်လိုက်ရင် ကိုကြီး ကိုကြီးနဲ့ မပြီးဆုံးနိုင်တော့ သူ
ဘယ်လောက်ချစ်ကြောင်းကိုလည်း မပြီးနိုင်မဆုံးနိုင်ပြော
တတ်သေးသည် ဂျယ်နိုနဲ့ဟယ်ချန်းကတွေ့ဖို့ချိန်းတိုင်းသူ
နဲ့လည်း တွေ့ရသည်

သူတို့ပါသူတို့ ချိန်းကြတာ အေးဆေးနှစ်ယောက်ထဲချိန်း
ကြပေါ့ ကြားထဲက သူတို့ကပါ ကန့်လန့်ကန့်လန့်ပါလာ
ရသည်

တကယ်တော့ ဂျယ်နိုနဲ့ဟယ်ချန်း ချစ်မိကြသည်မှာလည်း
သူတို့ကိုအောင်သွယ်ပေးရင်းနဲ့သာ ချစ်မိကြခြင်းဖြစ်သည်
အောင်သွယ်ခံရတဲ့ သူတို့ကတော့ အဆင့်ကိုမတက်

"ကိုကြီး"

ဒီနေ့လည်း ကပ်ချွဲနေပြန်ပါပြီ စိတ်ပျက်စရာကောင်းလိုက်
တာနော်

"ကိုကြီး"

"ဘာလဲကွာ"

"ကျွန်တော့်ကို စဉ်းစားပေးပြီးပြီလား"

"ဘာလို့စဉ်းစားပေးရမှာလဲ"

"ကိုကြီးဟာလေ နောက်လာတဲ့သူတွေတောင်အတွဲဖြစ်
ကုန်ပြီ ဟယ်ချန်းနဲ့အကိုဂျယ်နို ကလေးရမှ ကျွန်တော်နဲ့
တွဲမှာလား"

"မင်းအခုလိုလုပ်နေတာက ငါ့အလုပ်ကိုထိခိုက်တယ်ကွ"

"ကိုကြီးက ဘာအလုပ်လုပ်တာလဲ"

သူမပြောချင်ပါ မပြောလည်းမပြောနိုင်ပါ တက္ကသိုလ်
ကျောင်းသားလေးတစ်ယောကို ဒီလိုရက်စက်တဲ့အလုပ်ကြီး
ကိုမပြောပြချင်ပါ တစ်ဖက်မှာလည်း သူ့အလုပ်ကိုသိပြီးသူ့
ကိုမုန်းသွားမှာကို စိုးရိမ်ရသေးသည်

ဒါနဲ့ဘာလို့ သူမုန်းသွားမှာစိုးရိမ်နေရတာလဲ တကယ်ဆို
အဖမ်းခံရမှာကို စိုးရိမ်ရမှာလေ

"ဘာအလုပ်ဖြစ်ဖြစ်လေ မင်းကိုမေးဦးမယ် ငါဘာလုပ်မှန်း
မသိဘဲနဲ့ ဘာလို့ငါနဲ့တွဲချင်ရတာလဲ"

မောင့်နှင်းဆီရိုင်း ( မောင့်နှင်းဆီရိုင်း )Where stories live. Discover now