Arc 1.1(လွဲ့ယျန်)

189 19 3
                                    

Unicode

သူရောက်နေသည့်နေရာက
နန်းတော်ထဲရှိ အခန်းတစ်ခုထဲတွင်ဖြစ်သည်
တိတိကျကျပြောရမည်ဆိုပါက
ထိုအခန်းထဲရှိ ထိုင်ခုံတစ်ခုပေါ်တွင်
ယဉ်ယဉ်ကျေးကျေးထိုင်နေသည် ဖြစ်သည်
ထိုအခန်းထဲရှိ အပြင်အဆင်များသည် ရှေးကျလှပြီး
အလွန်လှပသည်
သုံးထားသော အသုံးအဆောင်များကလည်း
ထိုခေတ်တွင်အထူး တန်ဖိုးရှိပေမည်။

"host ခေါင်းကိုက်နေလား"

"အင်း နည်းနည်းပါ"

"host ကခံနိုင်ရည်ရှိသားပဲ"

"ငါကအစထဲက ခံနိုင်ရည်ရှိပြီးသား
အခုငါကဘယ်သူကိုယ်ထဲဝင်ပြီး
ဘယ်လိုသရုပ်ဆောင်ရမှာလဲ မြန်မြန်ပြော"

"host ကလဲ စိတ်ကိုမရှည်ဘူး ဂရေး ဇာတ်ကြောင်းပို့လိုက်မယ် အခုကစပြီး
ဂရေးကို host ပါးစပ်နဲ့စကားပြောစရာမလိုတော့ဘူး"

"ပါးစပ်နဲ့မပြောတော့ ငါကဖင်နဲ့ပြောရမှာလား ဂရေး"

"host ကလဲ လာဉာဏ်တုံးပြနေပြန်ပြီ"

"ဘာပြောတယ်"

ဆိုပြီး ခေါင်းကိုတစ်ချက်ခေါက်ချလိုက်လေသည်

ဂရေးမှာတော့ မျက်ရည်ဝဲဝဲလေးနဲ့ သူ့ host ကိုမော့ကြည့်နေလေသည် ပြီးမှ

"host ကလဲစိတ်ကြီးပဲ အဟင့် ဂရေးပြောတာက
ပါးစပ်နဲ့ပြောစရာမလိုတော့ဘူး စိတ်နဲ့ပဲပြောလို့ရပြီလို့
ပြောတာ"

"ရှင်းရှင်းလင်းလင်းမှ မပြောတာ မင်းအပြစ်ပဲ"

ဂရေးလေးမှာတော့ စိတ်ထဲကနေ
သူ့ host ကိုဆဲနေလေသည်
အပြင်မှာတော့ ထုတ်မပြောရဲ သူ့ host ကို
သူမနိုင်ဘူးလေ
(မိုးဟိန်းမာန်စိတ်နဲ့ပြောတာကို ဂရေးကကြားနိုင်ပါတယ် ဒါပင်မဲ့ဂရေးပြောတာကိုတော့ မိုးဟိန်းမာန်မကြားနိုင်ပါဘူး ဂရေးအသံက မိုးဟိန်းမာန်တစ်ယောက်ပဲ ကြားနိုင်တာဖြစ်တဲ့အတွက် ဂရေးကပါးစပ်နဲ့ပဲပြောတာပါ)

'host ခေါင်းထဲ
ဇာတ်ကြောင်းရောက်သွားတဲ့အချိန်
‌host ခေတ္တအိပ်ပျော်သွားပါမယ် ပြန်နိုးလာတဲ့ချိန်
host ဇာတ်ကြောင်းရော
အခု ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်ရောပါ
ရရှိနေမှာပါ'

~~အောင်သွယ်တော် System~~Where stories live. Discover now